ဖြေရှင်းချက် ၂

611 30 2
                                    

Unicode

"ကိုယ်မေဦးနဲ့ အဆက်သွယ်မရှိပင်မယ့် ဒီအတောတွင်း အန်တီတို့နဲ့ အဆက်သွယ် မပျက်ခဲ့ဘူး။ အန်တီကနေ တစ်ဆင့် မေဦး မော်လမြိုင်မှာဘာတွေလုပ်လဲ မေဦး ဘယ်ကျောင်းတွေလျှောက်လဲ မေဦး ဘယ်မှာ တက္ကသိုလ် တက်မလဲ ကိုယ်သိခဲ့ရတယ် "

" ကိုယ်မေဦးကို ဒီအတောတွင်း ဆက်သွယ်ဖို့ မကြိုးစားခဲ့တာက ကိုယ်အိမ်ကိစ္စတွေ ဖြေရှင်းနေခဲ့ရတာရော မေဦးအတွက် အချိန်မတန်သေးဘူးလို့ တွေးထားတာရောကြောင့် ကိုယ်စောင့်နေခဲ့တာပါ။ ဒါမယ့် နော်ဖောတို့ ဝေယံတို့က တစ်ဆင့် မေဦး အကြောင်းကို အမြဲမေးဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်နေ့ကျ ပုံတူပန်းချီကို မေဦးကိုပေးဖို့ ကိုယ်သိမ်းထားခဲ့တယ် ။မေဦးနဲ့ ပြန်တွေ့ရတုန်းဆို ကိုယ်အရမ်းပျော်တာပဲ သိလား"

" ဒီအတောတွင်း မေဦး အခြားတစ်ယောက်နဲ့ တွေ့သွားခဲ့ရင်ရော"

" ကိုယ်စောင့်မှာပေါ့ မေဦးကို"

မေဦးဝမ်းနည်းလာပြီး မျက်ရည်ဝဲလာသည်။

"ဟာ မငိုနဲ့လေကွာ ငိုဖို့ပြောပြတာမှ မဟုတ်တာ ။
ကိုယ်သိစေချင်တာက မေဦးကို ကိုယ်ဖွင့်ပြောခဲ့တာ လောသွားပင်မယ့် ကိုယ်ချစ်တာ ပေါ့ပျက်ပျက်မဟုတ်ဘူးဆိုတာကိုပါ။ ကိုယ် မေဦးအပေါ်ထားတဲ့ ခံစားချက် လေးနက်မှုကို ကိုယ့်ဘာသာ သေချာဆန်းစစ်ခဲ့တယ်။ မေဦးကို ကိုယ်မချစ်ဘဲ မနေနိုင်ဘူးဆိုတာ ကိုယ်သိလိုက်ရပြီး စေးထူးတို့ မင်္ဂလာဆောင်မှာ မေဦးကို စောင့်ရှောက်ပါရစေလို့ ကိုယ် အန်တီ့ကို ခွင့်တောင်းခဲ့တယ်။"

မေမေသိနေသည်ဟု သိလိုက်ရတော့ မေဦး မျက်နှာလေး နွေးခနဲဖြစ်သွားရသည်။

" မေမေ ကိုကို့ကို ခွင့်ပြုပေးခဲ့တာလား"

" ကိုယ် အန်တီ့ကို ကတိတွေ အများကြီးပေးခဲ့ဖူးတယ် ကတိတိုင်းကို တည်ခဲ့တယ် ဆိုတာ အန်တီသိပါတယ်။ မေဦးအပေါ်ထားတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို အန်တီယုံပေးခဲ့တယ်"

"မေဦးတို့ ချစ်သူတွေဖြစ်နေတာကိုလည်း မေမေသိတာပေါ့နော် "

တာရာက ခေါင်းငြိမ့်ပြလိုက်သည်။ ဒါကြောင့် တူတူပြန်လာတာကို မေမေ ဘာမှ မပြောတာကိုး။

Ordinary ,First LoveDonde viven las historias. Descúbrelo ahora