သူတို့မဟူရာရဲတိုက်၏ပထမထပ်ထဲ ရောက်နေခဲ့သည်မှာ ငါးရက်တောင်ရှိနေခဲ့လေပြီ။အီဂျီဟေးတစ်ယောက် ရှင်ယူဆွန်းနှင့်အတူ ဒဏ်ရာရနေသော အီဂေလ်ယုန်းအား ကျောပေါ်တင်းရင်း မဟူရာရဲတိုက်၏ စင်္ကြန်လမ်းတစ်လျှောက်ပြေးလွှားနေ၏။
[အဆင့်၅ နတ်ဆိုးမျိုးနွယ်ဝင် ဒါခ့်တရခ်ကာ သည် သင့်အား ထပ်ကြပ်မကွာလိုက်နေသည်။]
“ခုန်လိုက်!”
အီဂျီဟေး ဒါခ့်တရခ်ကာ လွှဲရမ်းလိုက်သည့်တံစဉ်းအားရှောင်ကာ နတ်ဆိုးသတ်ဖြတ်ရေး စကေလ်းကို အသုံးပြုသည်။လေထုထဲမှော်စွမ်းအင်များဖြာထွက်လာသည်နှင့်အတူ အီဂျီဟေးတစ်ယောက်ကလေးတွေအားခေါ်ကာ အားကုန်ပြေးတော့၏။
“သေစမ်း၊ ယဉ်ပါးတဲ့စကေလ်းက သူတို့အပေါ်အလုပ်မဖြစ်ဘူးလား?”
“...သမီးက သားရဲတွေပဲထိန်းလို့ရတာ”
“ချီးပဲ”အီဂျီဟေး ပြေးနေရင်းပင်ကျိန်ဆဲနေ၏။
သူမနောက်တွင် အနည်းဆုံးနတ်ဆိုး၁၀ကောင်လောက်လိုက်နေသည်။အဆင့်ငါး နတ်ဆိုးမျိုးနွယ်ဝင်ဟာ တခြားသားရဲမျိုးစိတ်တို့ထက် ပိုသန်မာသည်။သူမစကေလ်းများ လိုအပ်နေသလို စတခ်ျမာကိုလည်း ဒီပတ်ဝန်းကျင်၌အသုံးပြု၍မရ။
‘ငါဒီကိုမလာခဲ့သင့်ဘူး’
ဂင်မ်ဒို့ဂျာသေဆုံးပြီးနောက်တွင် ဂင်မ်ဒို့ဂျာအဖွဲ့၏စိတ်ဓာတ်များဟာ လုံးလုံးလျားလျားကို ပျက်စီးသွားခဲ့သည်။သူတို့ အာရုံမစိုက်နိုင်ကြတော့သလို တစ်သီးတခြားဆီ ကွဲထွက်ကုန်၏။ပိုဆိုးသည်က ကိုးခုမြောက်ဇာတ်ကွက်အတွင်း ယူဂျွန်ဟော့တစ်ယောက် အစအနရှာမရအောင်ပျောက်သွားသလို မဟူရာရဲတိုက်လည်းပေါ်လာ၏။
ဇာတ်ကွက်အစပိုင်းတွင် ဒိုကဲဘီက သူတို့အားပြောခဲ့သည်။
[ဒီဇာတ်ကွက်...အမ် ဟားဟား ငါကြည့်ရသလောက် မင်းတို့ရှုံးလောက်တယ်]
ထိုအချိန်ကအီဂျီဟယ်မယုံနိုင်ခဲ့။သူတို့က ရှုံးမယ်?ဇာတ်ကွက်တွေက အမြဲလိုလိုမဖြစ်နိုင်တာချည်းပဲဆိုသော်ငြား သိုတို့အမြဲနိုင်ခဲ့၏။ထို့အတွက်ကြောင့် ဒီတစ်ကြိမ်လည်းသူတို့ကောင်းကောင်း လုပ်နိုင်လိမ့်မည်။