Unicode
Scroll down for Zawgyi
သူခေါင်းငြိမ့်ကာ ပြော၏ “ဒါပေမယ့် သူ့ကိုမသတ်နဲ့”
“...ငါတို့အနိုင်ပိုင်းမှရမယ်။ အဲ့အမျိုးသမီးက ပူးပေါင်းဖို့စိတ်ကူးမရှိဘူး။”
သွေးများဖြင့်ရွှဲစိုနေသော သူ့အမေကိုကြည့်လိုက်သည်။ထိုသွေးတွေဟာ သူ့အမေသွေးတွေလား ဒါမဟုတ် တခြားသူရဲ့သွေးတွေလားဆိုတာ သူမသိ။
သို့သော် သူမလစ်မစ်ကိုရောက်နေပြီဆိုတာ သိသာ၏။ သူမသည်အဓိပ္ပာယ်ရှိသော ဖြစ်နိုင်ခြေနှင့်တိုက်ခိုက်နေခဲ့သော်လည်း သူမ၏ကာယခွန်အားဟာ ကုန်ဆုံးနေလောက်ပြီဖြစ်သည်။၎င်းဟာ ရှောင်လွှဲမရနိုင်သောရလဒ်ပင်။
သူမသည်တစ်ယောက်တည်းဖြစ်နေခဲ့ပြီး ထိုနေရာတွင် ယူဂျွန်ဟော့ရှိနေခဲ့သည်။
ယူဂျွန်ဟော့သည် ထူးကဲသာလွန်သူတစ်ဦးဖြစ်လာခဲ့ပြီးနောက် ငြိမ်းချမ်းရေးမြေပြင်နှင့် ယှဉ်လိုက်လျှင် အလွန်ကွာခြားတဲ့နေရာတစ်ခုတွင်ရှိနေသည်။ ဇာတ်လမ်းသည်ဘယ်လောက်ကောင်းမွန်နေပါစေ၊ အရိပ်သက်သက်နှင့်ပဲတော့ ဖြစ်နိုင်မည်မဟုတ်။
ထိုသို့ကြီးမြတ်သာလွန်သူတစ်ဦးနှင့်ယှဉ်ရာတွင် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုအား မဆုံးရှုံးပဲနှင့်တော့ အနိုင်ယူနိုင်မည်မဟုတ်။ သို့သော် သူ၏အမေတွင် လုံလောက်သည့် ဖြစ်နိုင်ခြေများ မကျန်တော့။
[ကြယ်တာရာ နတ်ဆိုးကဲ့သို့မီးတရားရှင် သည် တံတွေးမြိုချလိုက်သည်။]
[ကြယ်တာရာ ရွှေခေါင်းဆောင်း၏အကျဉ်းသားသည် သင်၏ရွေးချယ်မှုအပေါ် စိတ်ဝင်စားမှုရှိနေသည်]
[ကြယ်တာရာ အသူရာမှောင်မိုက်မီးလျှံနဂါးသည် သင်၏ရက်စက်သောအပြုအမူအပေါ် ကြည့်ရှုနေသည်။]
သူ၏အဖွဲ့ဝင်များကိုထားခဲ့ပြီး သူ့အမေထံသို့သွားလိုက်သည်။ “မကြိုးစားနဲ့တော့။”
[စတုတ္ထနံရံသည် ဖြည်းညင်းစွာ တုန်ခါနေသည်။]
“ဘာလို့အမေ့ကိုတားနေရတာလဲ?”