Unicode
Scroll down for Zawgyiသူဝတ္ထုတစ်ပုဒ်အား ပထမဆုံးအကြိမ်ဖတ်ခဲ့သည့်အချိန်ကို မှတ်မိနေသေးသည်။
သူ့လက်ဖျားထိပ်များဟာ ပျော့ပြောင်းနူးညံ့လှသော စာရွက်လွှာများကို ထိနေသည်။ ဖြူလွှလွှကွင်းပြင်ကျယ်ထဲ အနက်ရောင်စာရွက်များ ဖူးပွင့်နေသကဲ့သို့ သူကိုယ်တိုင်သူ့လက်နှင့် သူခေါက်ခဲ့သည့် စာရွက်များပင်။
⌈ စာဖတ်ဖို့ကအရေးမကြီးဘူး။တကယ်အရေးကြီးတဲ့အရာက အဲ့စာတွေက သားကိုဦးတည်ခေါ်ဆောင်သွားမဲ့နေရာ ⌋
၎င်းကား စာအုပ်များကိုနှစ်သက်သဘောကျသောသူ့အမေ၏ လက်သုံးစကားများပင်။ အနည်းဆုံးသူ့အတွက်တော့ ထိုစကားများဟာ အပြောသက်သက်ပဲမဟုတ်။
မှင်နက်ထဲမှ နေရာလွတ်များ။သူ့ကိုယ်ပိုင်နှင်းဥယျာဉ်လေးဟာ ထိုစာလုံးများကြားထဲတည်ရှိနေသည်။တစ်ဦးတစ်ယောက်တိုးဝင်ဖို့ရာ သေးငယ်လွန်းသည့် အနှီနေရာငယ်လေးဟာ ပုန်းကွယ်ခြင်းအားနှစ်သက်သဘောကျသော ကလေးများအတွက် နတ်ဘုံနတ်နန်းသာ။နှစ်လိုသာယာဖွယ်ကောင်းလှသော အသံအားကြားရသည့်အချိန်တိုင်းလိုလို ထိုစာလုံးလေးများဟာ နှင်းများသဖွယ် အပုံလိုက်လေးထပ်နေ၏။
၎င်းထဲ သူဟာ သူရဲကောင်းတစ်ယောက်ဖြစ်သလို အိမ်မက်တမျှမက်ခဲ့ရသော ချစ်မြတ်နိုးဖွယ် စွန့်စားခန်းများလည်း ရနိုင်၏။အဲ့တာကြောင့်သူဟာ ဖတ်ပြီးရင်းပြန်ဖတ်ရင်းသာနေခဲ့သည်။
သူဟာပထမဆုံးအကြိမ် ဇာတ်သိမ်းတော့မည့်စာအုပ်တစ်အုပ်ကို အမှတ်ရမိပါ၏။၎င်းဟာ ကမ္ဘာကြီးမှပိတ်လှောင်ခံထားရသည့် ခံစားချက်နှင့်ဆင်တူသည်။
အဓိကဇာတ်လိုက်နှင့် ဇာတ်ပို့များကား ‘အဲ့လိုနဲ့ ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း’ ဟူသောစာသားနှင့်အဆုံးသတ်သွားခဲ့ကြပြီး သူကတော့ ဇာတ်လမ်းအဆုံး၌ တစ်ယောက်တည်းကျန်ရစ်ခဲ့ရသည်။သူ့မာနနှင့်သစ္စာဖောက်ခံရမှုတို့အကြား ငယ်ရွယ်သောသူ့ဘဝဟာ အထီးကျန်ဆန်မှုကြီးအား မလွန်ဆန်နိုင်ဘဲ ရုန်းကန်နေခဲ့ရ၏။
⌈ ဒါ…ကအဆုံးသတ်လား? ⌋
၎င်းဟာ သေခြင်းတရား အကြောင်းသိရှိလိုက်ရခြင်းနှင့်ဆင်တူဟန်ရသည်။ ပထမဆုံးအကြိမ်အဖြစ် သူသည် တစ်ခုခုဟာလည်း ကန့်သတ်ချက်ရှိနေတာပဲဟူသည့်အသိမျိုးရလာခဲ့သည်။