Unicode
Scroll down for Zawgyi
သူ၏ဂုတ်အားကိုင်ထားရင်းယူဂျွန်ဟော့၏အမူအရာသည် တဖြည်းဖြည်းပြောင်းလာခဲ့သည်။ အရင်တစ်ခေါက်တွင်, သူသည် လေထဲမှတစ်ဆင့်ပြုတ်ကျသွားခဲ့ပြီဖြစ်သည်။
အခုတွင်တော့ အရာအားလုံးသည် ပြောင်းပြန်ဖြစ်နေခဲ့သည်။ ပြုတ်ကျရမည့်အစား လေထဲမှတစ်ဆင့်ပျံသန်းသွားခဲ့သည်။ ယူဂျွန်ဟော့သည် သူတက်နိုင်သလောက် ပစ်ပေးလိုက်သည်။
ယူဂျွန်ဟော့ကသူ့အားကြည့်နေခဲ့သည်။ သူ၏အမူအရာက ဂင်မ်ဒိုဂျာမသေနိုင်ဘူးဆိုတာကို သေချာနေသလို သူ၏အသံကိုမကြားရသော်လည်း သူဘာပြောနေသည်ဆိုတာကို သူပြောနိုင်၏။
“အဲ့ကောင်ကိုတစ်ချက်ကျွေးလိုက် ဂင်မ်ဒိုဂျာ။”
သူပြန်ဖြေမည့်အချိန်တွင် လက်တံများသည် သူ၏အကြည့်ကိုပိတ်ပင်လိုက်သည်။
လက်တံများ၏တိုက်ခိုက်မှုသည် သူ့အားဆံပင်မွှေး၏အရှည်မျှသည လွဲချော်သွားခဲ့ပြီး အိမ်မက်များကိုစားသုံးသူ၏ခန္ဓာကိုယ်ပေါ်သို့ သူဆင်းသက်နိုင်ခဲ့သည်။ သူ၏လက်မောင်းများတွင်ကျန်နေသေးသည့် ခွန်အားများကို ခန္ဓာကိုယ်ကိုဆုပ်ကိုင်ရန်အတွက် စုစည်းလိုက်ပြီး ဒဏ်ရာဆီသို့ဆက်သွားလိုက်သည်။
အထိအတွေ့နှင့်ပင် ထိုသူသည် အသက်အားချိန်းခြောက်သည့်တည်ရှိမှုဖြစ်နေသည်။ အကယ်ရျ်သူသာ လူဝင်စားဖြစ်နေခဲ့မည်ဆိုလျှင်, သူသည် သတိမေ့ခြင်း သို့မဟုတ် သေဆုံးခဲ့ပြီဖြစ်လိမ့်မည်။ သူသာဆင်းသက်မှုကိုပြီးဆုံးခဲ့မည်ဆိုလျှင်… ဘာဆက်ဖြစ်လာနိုင်မည်ဆိုတာကိုတွေးရန်မှာ ကြောက်ဖို့ကောင်းလှသည်။
သူ၏ခန္ဓာကိုယ်ကို ဒဏ်ရာထံသို့ ပစ်တင်လိုက်သည်။
[...ငါတောင်းပန်ပါတယ်။ ငါမင်းနဲ့တူတူလိုက်လို့မရဘူး။]
သူ၏ခန္ဓာကိုယ်မှပါဝါများလျော့နည်းသွားလာပြီး ချော့ဂျောင်ယွန်း၏ခွန်အားသည် ပြန့်ကျဲလာသည်ကို သူခံစားမိလိုက်သည်။ သူကြိုတင်ခန့်မှန်းထားသည်ဖြစ်သည့်အတွက် စိတ်ချောက်ချားသွားခြင်းမရှိ။