အခန်း ၁၈၂ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၁)

153 31 1
                                    

Unicode
Scroll down for Zawgyi

[သင်သေသွားပါပြီ။]

ပြီးဆုံးပြီးနောက်သက်ရောက်မှုမှာ သေခြင်းတရားပင်။ ၎င်းမှာ သူ၏ဇာတ်လမ်းများကို အိမ်မက်စားသုံးသူမှ စားသုံးလိုက်သောကြောင့် ဖြစ်လာသည့်နောက်ဆက်တွဲဖြစ်၏။၎င်းကား စတုတ္ထတံတိုင်း၏အစွမ်းဖြင့် အလျင်အမြန်ပြန်လည်သိမ်းဆည်းထားနိုင်ခဲ့သော်လည်း အရင်ကအတိုင်းအကောင်းပကတိပြန်ရှိရန်မှာ ခက်ခဲလွန်း‌နေ၏။

“ခေါင်းက…”

သူသည် ၃ရက်တိုင် နိုးတစ်ဝက်မနိုးတစ်ဝက်အဆင့်တွင်ရောက်နေသည်။ သူအသိစိတ်ဟာပေါ်လိုက်ပျောက်လိုက်ဖြစ်နေခဲ့ပြီး အသိစိတ်ပေါ်လာသည့်အချိန်တိုင်းတွင် ဖြစ်ခဲ့သည်များကိုပြန်လည်အမှတ်ရနေအောင်လုပ်နေရ၏။

“ဒီဇာတ်ညွှန်းပြီးသွားရင်, ဇာတ်လမ်းရဲ့လမ်းကြောင်းပြန်ရောက်လာလိမ့်မယ်။”

ပထမ ဇာတ်ကွက်ကိုးခုဇာတ်ကြောင်းအတွင်း, မူလဝတ္ထု၏လမ်းကြောင်းအား သူသည်အဟန့်အတားဖြစ်စေခဲ့သည်။ လူအနည်းငယ်သာကယ်တင်ရာမှ ဇာတ်ညွှန်းများအားကြီးမားစွာပြောင်းပစ်ခဲ့သည်။

ဒါပေါ့ ဇာတ်ကွက်တွေကိုပြောင်းလဲတယ်ဆိုရုံနဲ့ မူလဇာတ်ကြောင်းကအရာတွေက အသုံးမဝင်တာတော့မဟုတ်ဘူး။ ယူဂျွန်ဟော့က ရာနဲ့ချီတဲ့ဘဝစက်ကွင်းကို ကြုံတွေ့ခဲ့သည်။ဇာတ်ညွှန်းတွေပြောင်းသွားမယ်ဆိုရင်တောင် ငါ့အနေနဲ့အသုံးပြုနိုင်တဲ့ အချက်အလက်တွေအများကြီးရှိနေတုန်းပဲ။

မည်သို့ပင်ဆိုစေ ဒီလိုကြီးမားလှသောဇာတ်ကြောင်းများကိုအခွင့်ကောင်းယူနိုင်ဖို့ရာ  ရှိနှင့်ပြီးသားဇာတ်ကြောင်းများအတိုင်း ဆက်လက်တည်ရှိနေမည့်အပိုင်းများရှိနေသင့်၏။

ကံကောင်းချင်တော့ ဆိုလ်းအမိုးခုံးဇာတ်ကွက်က ပြင်မရတဲ့ဇာတ်ကွက်မျိုး။

အလယ်တွင်နိုင်ငံတော်သဘောတူညီချက်ရှိပြီး စိုးရိမ်ရမည့်လိပ်ပြာသက်ရောက်မှုများရှိသော်လည်း စတားစထရင်း၏လမ်းကြောင်းသည်သာ သူမှတ်မိသည့်အရာဖြစ်နေသည်။

ထို့အပြင်, အချို့ဇာတ်ကောင်များသည် သူတွေးထားသည်ထက်ပိုရျ် ကြီးထွားလာကြပြီဖြစ်သည်။ သူ့တွင် အနာဂတ်သို့လမ်းကြောင်းအားစတင်စေရန်အတွက် အင်အားအလုံအလောက်ရှိနေသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့် Book-2(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now