နေမင်းညသန်းခေါင်ကျော်တဲ့အထိအိပ်မပျော်သေးပေ။ညနေကအကြောင်းကိုစဥ်းစားမိတိုင်းအလိုလိုပြုံးမိလာသည်။
''ငါသူမကြောင့်ပြုံးနေမိတာလား..မဟုတ်ဘူး..ဒါမဖြစ်သင့်တဲ့အရာဘဲ..ရောင်ခြည်ထိပ်ထားဆိုတာငါ့ရန်သူရဲ့သမီး..ငါမချစ်သင့်တဲ့သူ...ငါလုပ်ရမှာကသူတို့မိသားစုဘ၀ဖျက်ဆီးဖို့ဘဲ..''
နေမင်းညနေကအကြောင်းတွေကိုခေါင်းထဲကထွက်သွားအောင်ရေခဲစိမ်ထားသောအပြင်းစားအရက်တစ်ပုလင်းကိုဖောက်ပြီးပုလင်းလိုက်မော့သောက်လိုက်သည်။
လည်ချောင်းထဲသို့ခါးသက်ပြင်းရှသောအရာသာနဲ့အတူရင်တွင်းသို့ပူဆင်းသွားလေသည်။
အချိန်တော်ကြာလသာဆောင်မှာလေညင်းခံရင်းဇိမ်ယူနေသောနေမင်းဟာမနက်၅နာရီလောက်မှအိမ်တွင်းသို့ပြန်၀င်လာခဲ့လေသည်။
သစ်ခမ်း - ''ဂိုဏ်းချုပ်..''
နေမင်း - ''ဒီနေ့ငါအပြင်သွားစရာရှိတယ်မင်းပါလိုက်ခဲ့..''
သစ်ခမ်း - ''ဟုတ်ကဲ့ဂိုဏ်းချုပ်...''
သစ်ခမ်းအပြင်ဘက်ကနေဂိုဏ်းချုပ်အလာကိုစောင့်နေလေသည်။
နေမင်းရေမိုးချိုးပြင်ဆင်ပြီးတော့အောက်ထပ်ကိုဆင်းလာခဲ့လေသည်။..
သက်တော်စောင့် - ''ဂိုဏ်းချုပ်...''
သက်တော်စောင့်၂ - ''ဂိုဏ်းချုပ်''
နေမင်း - ''အင်း..ငါအပြင်ခနသွားမယ်...ပြသာနာတစ်ခုခုဖြစ်ခဲ့ရင်မင်းတို့၂ယောက်မှာတာ၀န်ရှိတယ်နော်...''
သက်တော်စောင့်၂ယောက် - ''စိတ်ချပါဂိုဏ်းချုပ်ကျနော်တို့သေချာတာ၀န်ယူထားပါ့မယ်...''
နေမင်းခေါင်းငြိမ့်ပြပြီးအိမ်အပြင်သို့ထွက်လာခဲ့လေသည်။...သစ်ခမ်းမှာအဆင်သင့်ကားတံခါးဖွင့်ပေးကာရပ်စောင့်နေလေသည်။..
နေမင်းသစ်ခမ်းဖွင့်ပေးသောနေရာဘက်သို့သွားကာ၀င်ထိုင်လိုက်လေသည်။သစ်ခမ်းမှာအရိုအသေပေးပြီးတစ်ဖက်ကကားမောင်းသူနေရာသို့၀င်ထိုင်ကာထိုခြံကြီးထဲမှမောင်းထွက်လာခဲ့လေသည်။
ကားနက်တစ်စီးဟာတောနက်ကြီးထဲကနေဖြတ်ပြီးမောင်းလာကာနောက်ဆုံးကားလမ်းမကြီးပေါ်သိူ့ရောက်လာခဲ့လေသည်။

YOU ARE READING
MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်
Hành động"ရမ်"အမည်ဖြင့်သူဌေးကြီးဦးဆက်ခမ်နောင်ရဲ့အိမ်ကြီးဆီသို့၀င်ရောက်လာခဲ့သောblack mafia ဂိုဏ်းခေါင်းဆောင် "နေမင်းသခင်" .... သူဌေးကြီးဆီကိုသူ၏မိဘတွေအတွက်သွေးကြွေးပြန်ယူဖို့သူဌေးရဲ့တစ်ဦးတည်းသောသမီး"ရောင်ခြည်ထိပ်ထား"ရဲ့ကိုယ်ရံတော်အဖြစ်မဟာစံအိမ်ကြီးဆီသို့ရောက်...