MY BODYGUARD (part14)

316 16 0
                                    

နေမင်းတောင်ကွန်ရွာလေးကိုရောက်လာခဲ့သည်မှာ၁လပင်ပြည့်သွားခဲ့ပြီး..ဦးသက်နောင်ရဲ့ဓားသွားထက်ကအဆိပ်ကြောင့်ဒီမှာတောင်တင်နေခြင်းပင်...သူမကိုမလွမ်းတဲ့ရက်ဆိုတာသူ့အတွက်မရှိခဲ့သည်မှာအမှန်ပင်အချိန်တိုင်းသူမကိုလွမ်းနေခဲ့ရသည်။

နေမင်း - ''ထား..မင်းဒီချိန်ဆိုဘာတွေလုပ်မနေလဲကိုသိချင်မိတယ်...ကိုမင်းအနားမှာအခုချိန်မရှိပေးနိုင်တဲ့အတွက်တောင်းပန်ပါတယ်ထား...ကိုမင်းကိုအရမ်းလွမ်းတာဘဲကလေးရယ်..မင်းရောကို့ကိုလွမ်းနေမယ်ဆိုတာကိုသိတယ်ထား.ကိုမင်းဆီကိုပြန်လာတော့မှာပါ..''

နေမင်းမြစ်ကမ်းနံဘေးကကျောက်ဆောင်ပေါ်မှာထိုင်ရင်းသူမလေးကိုလွမ်းကာတမ်းတနေမိသည်။

အရိပ်အကိုပျောက်သွားတာကြောင့်လိုက်ရှာတော့မြစ်ကမ်းကကျောက်ဆောင်ပေါ်မှာထိုင်နေတာကိုတွေ့ရတော့စိတ်အေးသွားရသည်။

''အကိုရယ်အရိပ်ကိုထားမသွားပါနဲ့...''သူမစိတ်ထဲကနေသာနေမင်းအားဒီရွာကနေထွက်မသွားဖို့တောင်းဆိုနေမိသည်။

အရိပ် - ''အကို.အပြင်မှာအရမ်းအေးနေပြီးအရိပ်တို့ပြန်ရအောင်နော်...''

နေမင်း - ''အကိူမပြန်ချင်သေးဘူးအရိပ်...အကိုသူ့ကိုအရမ်းလွမ်းတာဘဲ..သူနဲ့တွေ့ရဖို့ကိုဘယ်တော့မှပြန်ရမှာလဲအရိပ်ရယ်..''

အရိပ် - ''အကိုဒီမှာနေရတာမပျော်လို့လားဟင်..အရိပ်ဘာလုပ်ပေးရမလဲဟင်အကိုပျော်အောင်အရိပ်လုပ်ပေးပါရစေ...ဒါပေမယ့်ဒီကနေတော့ထွက်မသွားပါနဲ့နော်အရိပ်တောင်းပန်ပါတယ်....''

နေမင်း - ''အရိပ်..အကိုကဧည့်သည်တစ်ယောက်ပါအရိပ်တို့ဆီကိုမတော်တဆရောက်လာတဲ့ဧည့်စိမ်းတစ်ယောက်..ဧည့်သည်ဆိုတာအချိန်တန်ရင်အိမ်ပြန်ရမှာဘဲ...အကိုနေပြန်ကောင်းရင်ဒီရွာကနေထွက်သွားမှာပါ...အရိပ်အချစ်ဆိုတာကိုယ်တိုင်ဖန်တီးယူလို့မရဘူးနှလုံးသားရဲ့စေလိုရာအတိုင်းဖြစ်လာခဲ့တာ.....အရိပ်အကို့ထက်ကောင်းတဲ့လူကိုတွေ့မှာပါ.....''

နေမင်းကိုသဘောကျနေတာသိတာကြောင့်အခုလိုပြောလိုက်ခြင်းပင်.,,

MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်Where stories live. Discover now