ထားမနက်အိပ်ယာနိုးတော့ကိုကနှုတ်ဆက်တဲ့အီမိုဂျီ နဲ့😘😘morningလို့နှုတ်ဆက်လာတာကြောင့်ထားမှာပျော်ရွှင်ရသည်။မျက်နှာမသစ်သေးဘဲချစ်ရတဲ့ကိုဆီသို့ဖုန်းဆက်လိုက်လေသည်။
နေမင်းအလုပ်ခန်းထဲတွင်ပလန်ချနေရင်းဖုန်း၀င်လာတာကြောင့်ကြည့်လိုက်တော့ကြင်သူသက်ထားဆီမှဖြစ်တာကြောင့်ချက်ချင်းကိုင်လိုက်လေသည်။
နေမင်း - ''hello အမိန့်ရှိပါနှလုံးသားဌာနကပါဗျ...''
ထား - ''ကိုကတော့လေအမြဲနောက်တီးနောက်တောက်နဲ့...''
နေမင်း - ''စတာပါထားရယ်ထားမနက်စာစားပြီးပြီးလား...''
ထား - ''မစားရသေးဘူးအခုမှအိပ်ယာနိုးတာနိုးနိုးချင်းကို့ဆီဖုန်းဆက်လိုက်တာ''
နေမင်း -''ကြည့်ဒီကလေးတော့မျက်နှာမသစ်ဘဲစကားပြောနေပြန်ပြီးအာပုတ်စော်နံတယ်..''
ထား - ''နံနံပေါ့ပြောမှာဘဲ..ဟွန့်..''
နေမင်း - ''ကဲပါထားရယ်ကိုကစလိုက်တာပါ..ထားမနက်နိုးရင်မျက်နှာသစ်ပြီးမုန့်စားရမှာပေါ့ပြီးမှကို့ကိုဖုန်းခေါ်ပေါ့ကိုကထားကိုအမြဲလွမ်းနေသူပါကွာ..''
ထား - ''အဲဆိုလည်းမျက်နှာသစ်မုန့်စားပြီးဖုန်ုးပြန်ခေါ်လိုက်မယ်..''
နေမင်း - ''ကောင်းပါပြီးဗျ...အရမ်းချစ်တယ်နော်ဘေဘီ..''
ထား - ''သိပ်ချစ်ရပါတယ်ကို..''
ထားဖုန်းချပြီးမျက်နှာသစ်ကာမနက်စာစားဖို့အခန်းပြင်သို့ထွက်လာခဲ့လေသည်။
သစ်ခမ်းနဲ့ကွန်၂ယောက်မှာတော့မမလေးထွက်လာတာမြင်ပြီး
သစ်ခမ်းနဲ့ကွန် - ''morning မမလေး''
ထား - ''morning သစ်ခမ်းနဲ့ကွန်ဒီနေ့မနက်စာကဘာလဲဟင်...''
ကွန် - ''မမလေးကြိုက်တတ်တဲ့မြန်မာမုန့်ဟင်းခါးနဲ့နွားနို့ပါ..''
ထား နွားနို့နံ့ကြောင့်လူကအန်ချင်သလိုဖြစ်လာကာဘေစင်သို့သွားပြီးအန်လေတော့..ကွန်နဲ့သစ်ခမ်းအပြေးလေးကျောကိုထုပေးလေသည်။
ကွန် -''မမလေးအဆင်ပြေရဲ့လား..''
သစ်ခမ်း - ''မမလေးအခြေအနေစိုးရိမ်ရလားကွန်.''
YOU ARE READING
MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်
Acción"ရမ်"အမည်ဖြင့်သူဌေးကြီးဦးဆက်ခမ်နောင်ရဲ့အိမ်ကြီးဆီသို့၀င်ရောက်လာခဲ့သောblack mafia ဂိုဏ်းခေါင်းဆောင် "နေမင်းသခင်" .... သူဌေးကြီးဆီကိုသူ၏မိဘတွေအတွက်သွေးကြွေးပြန်ယူဖို့သူဌေးရဲ့တစ်ဦးတည်းသောသမီး"ရောင်ခြည်ထိပ်ထား"ရဲ့ကိုယ်ရံတော်အဖြစ်မဟာစံအိမ်ကြီးဆီသို့ရောက်...