ရမ်တစ်ယောက်ဆေးရုံတွင်သူမလေးအားစောင့်နေခဲ့သည်မှာ၁ပတ်ခန့်ရှိလေပြီး..
ဆရာ၀န်ကသူမကိုစိတ်ဆင်းရဲအောင်မလုပ်ဖို့မှာသွားလေသည်။သူမမှာနှလုံးရောဂါရှိနေခဲ့တာနေမင်းတကယ်မသိခဲ့ဘူး...သူမမေ့လဲသွားချိန်ချက်ချင်းဆေးရုံသို့အချိန်မှီပို့ပေးတာကြောင့်သူမဘာမှမဖြစ်သွားခဲ့တာ..
သူမလက်လေးအားကိုင်ပြီး''ကိုတောင်းပန်ပါတယ်ထိပ်ထားရယ်ကိုမင်းကိုအခုလိုဖြစ်အောင်ပြောဖို့မရည်ရွယ်ပါဘူးဒါပေမယ့်ကိုတို့တွေကပေါင်းဖက်လို့မရတဲ့မျဥ်းပြိုင်ပေါ်လူတွေဖြစ်နေခဲ့တယ်...''
ထိပ်ထားအိပ်မက်လိုလိုမြင်မက်ပြီးရမ်နဲ့သူမတွေ့ခဲ့သောရမ်လက်ကိုကိုင်ထားသောမိန်းကလေးကရမ်နဲ့အတူထွက်သွားတာကိုတွေ့ရတာကြောင့်သူမရမ့်အားအော်ခေါ်နေပေမယ့်ရမ်ကတော့သူမအားတစ်ချက်ကလေးမှလှည့်မကြည့်လာခဲ့ပေ။
ရမ်!!!
ရမ် - ''မမလေး...မမလေး..ဘာဖြစ်လို့လဲ..''
သူမဘေးနားမှသူမချစ်ရသောရမ်ကသူမအားစိုးရိမ်တကြီးမေးလာသောကြောင့်သူမငိုယိုပြီးရမ့်အားတင်းကြပ်စွာဖက်လိုက်လေသည်။
ထိပ်ထား - ''ရမ်ထိပ်ထားကိုထားမသွားပါနဲ့..ထိပ်ထားအနားမှာဘဲနေပေးပါနော်ရမ်...''
ရမ် - ''မမလေးကျနော်မမလေးဘေးနားမှာဘဲသက်တော်စောင့်တစ်ယောက်အနေနဲ့အမြဲတမ်းရှိနေမှာပါမငိုနဲ့တော့နော်.''
ထိပ်ထား - ''မဟုတ်ဘူးရမ်...ရှင်လက်ထပ်တော့မယ်ဆို.......ကျမတောင်းပန်ပါတယ်ရမ်ရယ်..ရှင်အဲမိန်းကလေးလက်မထပ်ပါနဲ့...ကျမရှင့်ကိုချစ်လို့ပါသူ့ကိုလက်မထပ်ပါနဲ့နော်ရမ်...''
ရမ် - ''မမလေးကျနော်တို့ကမဖြစ်နိုင်ဘူးလေမမလေးကိုကျနော်မချစ်ဘူး..''
ထိပ်ထား - ''ဘာလို့လဲရမ်ဘာလို့ကျမကိုမချစ်နိုင်ရတာလဲ..''
ရမ် - ''မမလေးမငိုပါနဲ့တော့တိတ်ပါတော့..ကျနော်မှားသွားပါတယ်နော်ကျနော်မမလေးအနားမှာဘဲနေမယ်ဘယ်ကိုမှမသွားတော့ဘူး..''
ထိပ်ထား - ''ရမ်ကျမကိုချစ်လားဟင်..ဖြေပါနော်ရမ်..''
ရမ် - ''တောင်းပန်ပါတယ်ကျနော်မမလေးကိုမရက်စက်ချင်ဘူး...''
![](https://img.wattpad.com/cover/342223803-288-k979415.jpg)
YOU ARE READING
MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်
Action"ရမ်"အမည်ဖြင့်သူဌေးကြီးဦးဆက်ခမ်နောင်ရဲ့အိမ်ကြီးဆီသို့၀င်ရောက်လာခဲ့သောblack mafia ဂိုဏ်းခေါင်းဆောင် "နေမင်းသခင်" .... သူဌေးကြီးဆီကိုသူ၏မိဘတွေအတွက်သွေးကြွေးပြန်ယူဖို့သူဌေးရဲ့တစ်ဦးတည်းသောသမီး"ရောင်ခြည်ထိပ်ထား"ရဲ့ကိုယ်ရံတော်အဖြစ်မဟာစံအိမ်ကြီးဆီသို့ရောက်...