၅ရက်ခန့်ကြာသွားခဲ့လေသည်။
နေမင်းလည်းလူကောင်းပကတိအတိုင်းပြန်ဖြစ်လာတာကြောင့်ဂိုဏ်းဆီသို့ပြန်ရန်ပြင်ဆင်နေလေသည်။အရိပ်တစ်ယောင်အကို့အခန်းထဲ၀င်သွားတော့အကိုကပစ္စည်းအစုံလင်နဲ့ခရီးထွက်ဖိူ့ပြင်နေသည်ကိုတွေ့ရလေသည်။ဆိုင်သူရှိပြီးသားဖြစ်နေသောလူတစ်ယောက်ကိုမှချစ်မိလေတဲ့နှလုံးသားလေးကိုဘဲအပြစ်တင်ရတော့မယ်....
အရိပ်ရောက်နေတာတွေ့တော့နေမင်းကအရိပ်ကိုခေါ်လိုက်လေသည်။
နေမင်း - ''အရိပ်ညီမလေးဒီကိုခနလာပါအုန်း''
အရိပ် - ''ဟုတ်ကဲ့..''
နေမင်း - ''ညီမလေးအရိပ်အကိုဒီကနေထွက်သွားတော့မယ်..ညီမလေးအကိုစိုင်းလုံကိုပြောပေးနော်အကို့ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးပြန်ဆပ်ပါ့မယ်..ညီမလေးဒီကဒ်ပြားကိုယူထားလိုက်ပါညီမလေးတို့အကူအညီလိုအပ်လာလို့ရှိရင်ဒီကဒ်ထဲလိပ်စာအတိုင်းအကို့လာရှာလိို့ရတယ်..အကိုသွားပြီးညီမလေး..''
နေမင်းအခန်းထဲကထွက်သွားဖို့လုပ်ချိန်အရိပ်အနောက်ကနေသိုင်းဖက်ထားလိုက်လေသည်။
အရိပ် - ''ခန...ခနလောက်ပါဘဲအကိုရယ်...အရိပ်ကိုနောက်ဆုံးကြိမ်လေးဖြစ်ဖြစ်ထွေးပွေ့ပေးပါလားဟင်....''
နေမင်းသူမအားသနားတာကြောင့်အနောက်ကသူမကိုယ်လေးကိုရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီးဖက်ထားလိုက်လေသည်။အရိပ်အကို့ရင်ခွင်ထဲမှာအချိန်ကြာသည်အထိနေနေမိသည်။နောက်ဆုံးအကြိမ်ပါဘဲအကိုရယ်...
နေမင်းသူမခေါင်းလေးအားညင်သာစွာပွတ်ပေးပြီးနောက်သူမကိုရင်ခွင်ထဲမှထုတ်ကာနဖူးလေးအားအနမ်းပေးလိုက်လေသည်။
''အကို့ဆီကပထမဦးဆုံးရတဲ့အနမ်းကိုအရိပ်ရင်ထဲမှာဘဲသိမ်းထားပါ့မယ်အကိုရယ်...''
နေမင်း -''အရိပ်အကိုသွားတော့မယ်နော်...''
အရိပ် - ''အကိုမသွားခင်အရိပ်အကို့ကိုနမ်းပါရစေနော်..''
အရိပ်ပြောပြီးသည်နှင့်အကို့ရဲ့လည်ပင်းကိုသိုင်းဖက်ကာခြေဖျားထောက်ပြီးအကိုနှုတ်ခမ်းလေးအားအနမ်းချွေလိုက်လေသည်။
![](https://img.wattpad.com/cover/342223803-288-k979415.jpg)
YOU ARE READING
MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်
Action"ရမ်"အမည်ဖြင့်သူဌေးကြီးဦးဆက်ခမ်နောင်ရဲ့အိမ်ကြီးဆီသို့၀င်ရောက်လာခဲ့သောblack mafia ဂိုဏ်းခေါင်းဆောင် "နေမင်းသခင်" .... သူဌေးကြီးဆီကိုသူ၏မိဘတွေအတွက်သွေးကြွေးပြန်ယူဖို့သူဌေးရဲ့တစ်ဦးတည်းသောသမီး"ရောင်ခြည်ထိပ်ထား"ရဲ့ကိုယ်ရံတော်အဖြစ်မဟာစံအိမ်ကြီးဆီသို့ရောက်...