MY BODYGUARD (part11)

368 15 0
                                    

ထားမနက်အိပ်ယာနိုးလာတော့မြင်တွေ့နေကျကို့မျက်နှာလေးကိုမမြင်တွေ့ရတာကြောင့်ချက်ချင်းအိပ်ယာမှထပြီးကို့အားလိုက်ရှာတော့သည်။

ထား - ''ကို...ကို...ကိုနေမင်း..''

သစ်ခမ်းမမလေးရဲ့အော်သံကြောင့်အိမ်တော်ရဲ့အပေါ်ထပ်သိူ့တက်လာခဲ့လေသည်။မမလေးကဂိုဏ်းချုပ်အားမတွေ့မချင်းလိုက်ရှာနေတဲ့ပုံပင်တစ်ခန်း၀င်တစ်ခန်းထွက်လိုက်ရှာနေသောမမလေးအနားသို့သစ်ခမ်းပြေးလာပြီး

သစ်ခမ်း - ''မမလေး..ဂိုဏ်းချုပ်မနက်မိုးလင်းကတည်းကထွက်သွားပါပြီ...''

ထား - ''ဘယ်သွားတာလဲသစ်ခမ်းး...''

သစ်ခမ်းမှာဂိုဏ်းချုပ်ပြောထားတာကြောင့်မမလေးအားအဖြစ်မှန်ကိုပြောပြရန်ခက်ခဲနေလေသည်။အတန်ကြာသည်အထိတိတ်ဆိတ်နေသောသစ်ခမ်းကြောင့်ထားစိတ်ပူသွားရသည်။

ထား - ''သစ်ခမ်းကိုဦးသက်နောင်ဆီသွားတာမဟုတ်လား...ကျမလိုက်သွားမယ်...''

သစ်ခမ်းဂိုဏ်းချုပ်ရဲ့စကားတွေကြောင့်မမလေးအားသူ့နောက်မလိုက်လာစေရန်သေချာစောင့်ကြည့်ထားပေးဟုတာ၀န်ပေးထားသောဂိုဏ်းချုပ်ကြောင့်သစ်ခမ်းမမလေးအားတားရမည်။

သစ်ခမ်း - ''မမလေးသွားလိူ့မရဘူး..ကျနော့်ကိုဂိုဏ်းချုပ်တာ၀န်ပေးထားလို့ပါမသွားပါနဲ့မမလေး..''

ထား - ''ငါလိုက်မသွားရင်ကိုတစ်ခုခုဖြစ်သွားရင်...ငါသွားမယ်သစ်ခမ်းဖယ်စမ်း!!!..''

သစ်ခမ်းလည်းပြောမရတားမရတာကြောင့်မမလေးအား..

သစ်ခမ်း - ''တောင်းပန်ပါတယ်မမလေး..ဒုတ်!!!''

ဇတ်ပိုးကိုအုပ်ချလိုက်တာကြောင့်ထားတစ်ယောက်မေ့လဲသွားလေသည်။

...............

ဖြောင်း ဖြောင်း ဖြောင်း.

သက်နောင် - ''wow!!!နေမင်းသခင်black မာဖီးယားခေါင်းဆောင်ကတစ်ယောက်ထဲရန်သူရဲ့နယ်မြေထဲကိုရောက်လာတာတကယ်ချီးကျူးစရာဘဲဟားဟား..''

နေမင်း -''မင်းအပိုတွေပြောနေတာရပ်လိုက်သက်နောင်..မင်းနဲ့ငါဒီနေ့အပြီးသွေးကြွေးရှင်းကြတာပေါ့..''

MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်Where stories live. Discover now