နေမင်းမှောင်မိုက်နေသောချောက်ကမ်းပါးစွန်းနားမှာရောက်နေလေသည်။သူ့ရဲ့နောက်မှာထား..ဟုတ်ပါသည်။ထားမှထားစစ်စစ်..သူမသူ့အား၀မ်းနည်းပူဆွေးနေသောမျက်၀န်းများနဲ့စိုက်ကြည့်နေပြီးငိုနေခဲ့သည်။
''ဒါ..ဒါဆိုငါကသေပြီးလား..မဟုတ်ဘူးမဟုတ်ဘူး..ငါမသေဘူး..ထား..ထား!!!''
လေဟာနယ်ထဲတွင်သူ့ရဲ့ကိုယ်လေးဟာပျောက်ကွယ်လုဆဲဆဲဖြစ်ချိန်မှာတောင်သူမလေးဆီသို့ရောက်အောင်သွားဖို့ဆန္ဒကပြင်းပြနေလေသည်။
ထား!!!!!
နေမင်းလန့်နိုးလာတော့သူဟာအိပ်မက်တစ်ခုကိုမြင်မက်နေခြင်းဆိုတာသိလိုက်ရသည်။သို့သော်သူစိတ်မအေးနိုင်ပါအခုချိန်ဆိုသူမသူ့ကြောင့်နာကျင်ပြီး၀မ်းနည်းနေမလားတွေးရင်းစိတ်ပူလာရသည်။...နေမင်းကုတင်ပေါ်ကနေဆင်းလိုက်တော့လူကမိုက်ကနဲဖြစ်ကာကုတင်ပေါ်ထိုင်ရက်လဲကျသွားလေသည်။
အရိပ်အခန်းထဲကအော်သံကြောင့်အခန်းထဲသို့အလျင်အမြန်ပြေး၀င်လာမိသည်။အခန်းထဲတွင်အရိပ်တို့ကယ်တင်ထားသောလူကနိုးနေလေပြီး..
အရိပ် - ''အကိုရှင့်...အကို..''
နေမင်းသူ့အားခေါ်နေသောသူကြောင့်မျက်လုံးလှန်ကြည့်လိုက်တော့ကောင်မလေးတစ်ယောက်..
နေမင်း - ''ငါဘယ်ရောက်နေတာလဲ...ဒါကဘယ်နေရာလဲမိန်းကလေး''
အရိပ် - ''ဒီနေရာကတောင်ကွန်ရွာပါ..''
နေမင်း - ''မိန်းကလေးငါမေ့လဲနေတာဘယ်လောက်ကြာသွားပြီးလဲ...''
အရိပ် - '' ရှင်မေ့နေတာဒီနေ့နဲ့ဆို၅ရက်ရှိပါပြီး..''
နေမင်း - ''ငါတော်တော်ကြာမေ့နေတာဘဲ..ငါပြန်မှဖြစ်မယ်...အားး!!!''
နေမင်းထလိုက်ချိန်မိုက်ကနဲမူးကာပြန်လဲကျသွားလေသည်။..
နေမင်းကိုထိုကောင်မလေးကအပြေးထိန်းပေးလေသည်။
အရိပ် -''ရှင်မသက်သာသေးဘူးလေနားနားနေနေနေပါ..ကျမရှင့်အတွက်ဆန်ပြုတ်ပြုတ်ပေးထားတယ်ကျမသွားယူလိုက်အုန်းမယ်ခန..''
အရိပ်ထွက်သွားဖို့လုပ်တော့သူမလက်ကိုဖမ်းကိုင်ထားသောထိူလူကြောင့်လူကရင်ခုန်လာလေသည်။ချောမောတဲ့ရုပ်ရည်ရှိသောထိုလူကြောင့်သူမရင်မခုန်ဘဲမနေနိုင်ပေ။နေမင်းသူမလက်အားဖမ်းဆွဲလိုက်တော့လှည့်ကြည့်လာလေသည်။

YOU ARE READING
MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်
حركة (أكشن)"ရမ်"အမည်ဖြင့်သူဌေးကြီးဦးဆက်ခမ်နောင်ရဲ့အိမ်ကြီးဆီသို့၀င်ရောက်လာခဲ့သောblack mafia ဂိုဏ်းခေါင်းဆောင် "နေမင်းသခင်" .... သူဌေးကြီးဆီကိုသူ၏မိဘတွေအတွက်သွေးကြွေးပြန်ယူဖို့သူဌေးရဲ့တစ်ဦးတည်းသောသမီး"ရောင်ခြည်ထိပ်ထား"ရဲ့ကိုယ်ရံတော်အဖြစ်မဟာစံအိမ်ကြီးဆီသို့ရောက်...