''စစ်မင်းခေါင်!!!''
ဂူချီတစ်ယောက်သေဆုံးနေပီးဖြစ်သောတပည့်ဖြစ်သူအလောင်းကိုကြည့်ပြီနေမင်းကိုဒေါသများထွက်ဂျပန်ဓားရှည်ဖြင့်၀င်ခုတ်တော့သည်။..
ဂူချီ - ''သေစမ်းနေမင်းသခင်...''
၀ှစ်!!!
၀ှစ်!!
အရိပ်လည်းဘေးနားကဓားတစ်ချောင်းကိုဆွဲယူပြီးဂူချီအားတိုက်ခိုက်တော့သည်။
နေမင်း - ''အရိပ်သတိထား..''
အရိပ်အနောက်ဘက်က၀င်လာသောသူ့လူတွေကိုခြေထောက်ဖြင့်ကန်လိုက်ပြီးဂူချီအားတိုက်ခိုက်လေသည်။
နေမင်းအရိပ်အနောက်သို့ပြေးသွားကျန်တဲ့လူများကိုတိုက်ခိုက်လေသည်။
နောင်ရိုးနဲ့နောင်လင်းတို့၂ယောက်အချုပ်ခန်းဘက်ဆီကိုရောက်တော့ဓားကိုင်ထားသောဂူချီတပည့်များနဲ့တိုးလေတော့သည်။
နောင်ရိုး - ''ကိုကြီးသွေးပူလေ့ကျင့်ခန်းစပြီးဟေ့..'
နောင် - ''အညောင်းညာပြေအောင်တစ်ခါတစ်လေလေ့ကျင့်ခန်းလုပ်ကြတာပေါ့ဟားဟား..''
နောင်ရိုးနဲ့နောင်လင်းတို့၂ယောက်လည်းဦးမြတ်သစ္စာရဲ့ဓားသိုင်းပညာနဲ့ရန်သူများကိုချေမှုန်းတိုက်ခိုက်လေသည်။
ရန်သူများနောင်ရိုးတို့ဓားချက်အောက်မှာအသက်ပျောက်သွားလေသည်။
နောင်ရိုးနဲ့နောင်လင်းတို့၀င်လာတော့သက္ကရာဇ်တို့အဖွဲ့သားများမှာပျော်ရွှင်ကုန်ကြလေသည်။နောင်ရိုးအချုပ်ခန်းတံခါးကိုဖျက်ဆီးကာသက္ကရာဇ်တို့အဖွဲ့နဲ့နေမင်းလူတွေကိုခေါ်ထုတ်လာခဲ့ပြီးနောက်နေမင်းတို့ရှိရာသို့သက္ကရာဇ်နဲ့အတူလိုက်လာခဲ့လေသည်၊
အခန်းထဲတွင်တော့နေမင်းတို့၂ယောက်နဲ့ဂူချီအဖွဲ့သားတွေအပြင်းအထန်တိုက်ခိုက်နေကြလေသည်။
နေမင်း - ''ဂူချီဒီလောက်လူအင်အားနဲ့ငါ့ကိုသတ်လို့ရမယ်ထင်နေတာလား.''
ဂူချီ - ''ဟားဟားမင်းလိုကောင်ကိုအခုချက်ချင်းငါ့လက်နဲ့သတ်ပစ်လို့ရတယ်ကွ..ကြာတယ်ကွာအကောင်ကိုဖမ်းထားလိုက်စမ်း...''
YOU ARE READING
MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်
Action"ရမ်"အမည်ဖြင့်သူဌေးကြီးဦးဆက်ခမ်နောင်ရဲ့အိမ်ကြီးဆီသို့၀င်ရောက်လာခဲ့သောblack mafia ဂိုဏ်းခေါင်းဆောင် "နေမင်းသခင်" .... သူဌေးကြီးဆီကိုသူ၏မိဘတွေအတွက်သွေးကြွေးပြန်ယူဖို့သူဌေးရဲ့တစ်ဦးတည်းသောသမီး"ရောင်ခြည်ထိပ်ထား"ရဲ့ကိုယ်ရံတော်အဖြစ်မဟာစံအိမ်ကြီးဆီသို့ရောက်...