နေမင်းသခင်..နောင်ရိုးတို့အကူအညီနဲ့သစ်ခမ်းတို့ကိုဆက်သွယ်ရသွားလေသည်။
သစ်ခမ်းတို့မှာလည်းနေမင်းမသေသေးမှန်းသိတော့အရမ်းကိုပျော်နေကြလေသည်။ထားကတော့ကို့သတင်းကြားပြီးအရမ်းကိုပျော်နေလေသည်။
ကိုနဲ့ဖုန်းပြောရင်းအလွမ်းတွေသယ်နေကြလေသည်။
ထား - ''ကိုထားကိုဘာလို့အဲလောက်အကြာကြိးပစ်ထားရတာလဲ..ထားမှာတော့ကို့ကိုလွမ်းရလွန်းလို့မျက်ရည်တွေလည်းကုန်ပြီးသိလား..အရမ်းနေနိုင်တာဘဲ..''
နေမင်း - ''မဟုတ်ပါဘူးကျနော့်ရဲ့မမလေးရယ်ကျနော်မျိုးလည်းအရမ်းလွမိးတာရင်နှင့်အမျှဘဲသိလား..''
ထား - ''ကိုဘယ်တော့ထားဆီလာမှာလည်းဟင်...''
နေမင်း - ''ကို့မှာရှင်းစရာကိစ္စလေးရှိနေသေးလိူ့ကိုမလာနိုင်သေးဘူးထားကိုမကြာမကြာတော့ဖုန်းဆက်မယ်နော်စိတ်မဆိုးပါနဲ့နော်..''
ထား - ''ကိုလာမှဘဲထားကို့ကိုသတင်းကောင်းပြောတော့မယ်...''
တိမ်၀င်သွားသောဇနီးဖြစ်သူရဲ့အသံကြောင့်နေမင်းစိတ်မကောင်းပေ။၂လကြာခွဲနေရသောကြောင့်သူမလေးလည်းသူ့ကိုအရမ်းတွေ့ချင်နေမိမှာအမှန်ပင်...နေမင်းရောတွေ့ချင်တာပေါ့သူမကိုအရမ်းတွေ့ချင်တာသူမကိုရင်ခွင်လေးထဲထည့်ပြီးစကားတွေပြောချင်တာပေါ့..အဲလိုသူမနဲ့အတူပျော်စရာဖန်တီးရဖို့အရှုပ်တွေကိုအရင်ရှင်းထုတ်ထားရမည်။..
နေမင်း - ''မိန်းမဒါဘဲနော်ကိုအလုပ်ရှိသေးလို့..''
ထား -''ဟုတ်ကဲ့ကို..''
ထားဖုန်းချလိုက်ပေမယ့်စိတ်ထဲမှာတော့ကိုနဲ့စကားတွေအများကြီးပြောချင်နေသေးသည်။
''ကလေးလေးရဲ့ပါးပါးကမသေဘူးတဲ့မကြာခင်မားမားတို့ဆီပြန်လာတော့မှာ..မားမားတို့မိသားစုစုံစုံလင်လင်နေရတော့မယ်..''
နောင်ရိုး - ''သစ်ခမ်းတို့မလာဘူးလားနေမင်း..''
နေမင်း - ''ကျနော်မပေးလာတာဟိုမှာထားတစ်ယောက်ထဲစိတ်မချလို့သူ့ကိုစောင့်ရှောက်ထားခိုင်းတယ်...စောမောင်ကိုတော့ခေါ်ထားတယ်...''
YOU ARE READING
MY BODYGUARD (or) ချစ်လှစွာသောသက်တော်စောင့်
Azione"ရမ်"အမည်ဖြင့်သူဌေးကြီးဦးဆက်ခမ်နောင်ရဲ့အိမ်ကြီးဆီသို့၀င်ရောက်လာခဲ့သောblack mafia ဂိုဏ်းခေါင်းဆောင် "နေမင်းသခင်" .... သူဌေးကြီးဆီကိုသူ၏မိဘတွေအတွက်သွေးကြွေးပြန်ယူဖို့သူဌေးရဲ့တစ်ဦးတည်းသောသမီး"ရောင်ခြည်ထိပ်ထား"ရဲ့ကိုယ်ရံတော်အဖြစ်မဟာစံအိမ်ကြီးဆီသို့ရောက်...