ဓါတ်ပုံရိုက်ပေးပြီးတော့ အချိန်ကြည့်လိုက်တော့ ၃:၄၅။ခြံထဲက သရက်သီး အိတ်စွတ်တဲ့ကောင်တွေက ၄:၀၀နာရီ ဆိုဆင်းကြမှာ။
သရက်သီးအိတ်စွတ်တဲ့ကောင်တွေက ဟေး လား ဝါးလားနဲ့ အရင်ကတည်းက ဆူညံနေတဲ့ ကောင်တွေ။
ယုကိုမြင်ပြီး ပိုဆူညံသွားမှာနဲ့
ယု အနေရခက်မှာစိုးတာကြောင့်“ နွေရာသီဆိုတော့ မမှောင်ပါဘူး။
အိမ်ပြန်နောက်ကျ လို့ရတယ်မို့လား”ရုတ်တရက်မေးလိုက်တဲ့ ဉာဏ် အမေးကြောင့် ယု က ဘာပြန်ဖြေရမလဲ မသိတော့ ပြုံးပြီးခေါင်းညိတ်ပြလိုက်တယ်။
>>>>
ရင်တုန် ရင်ခုန်စွာနဲ့ သူဘာလုပ်မလဲ စောင့်ကြည့်တော့ ယု ကိုမလှမ်းမကမ်းက တမာပင်အရိပ်အောက်မှာ ခင်းထားတဲ့ အသားအခင်းလေးပေါ်သွားထိုင်ခိုင်းတယ်။
သူကနေကြာပွ့င်တွေထဲက ဘာကိုရွေးနေလဲတော့ မသိ။
ရွေးပြီးတော့ ယုအနားရောက်လာတယ်။
“ရော့ စားကြည့်” ဆိုပြီး
အပွင့်လေးတွေထဲက အစေ့မဲမဲလေးထုတ်ကျွေးတယ်။
‘ချိုတယ်”တစ်မျိုးလေးပဲ စိမ့်စိမ့်လေးနဲ့။
ယုက လက်နဲ့အားရပါးရ ဆွဲနုတ်ပြီးစားမယ်လုပ်တော့
“လက်တွေမည်းလိမ့်မယ်။
ပေး.. ခွာပေးမယ်။ အများကြီးတော့မစားနဲ့ လျှာယားလိမ့်မယ်”
..လေးနက်တဲ့စကားတွေ မပြောဖြစ်ကြပင်မယ့်
ပေါ့ပါးစေတဲ့စကားတွေ တော့ပြောဖြစ်ကြတယ်။ခဏအကြာတော့သူ့ဖုန်း၀င်လာတယ်။
“ ဟဲလို..ဟုတ်
ကိုဖြိုး…ပြန်တော့မှာမို့လား"
….…အောင်တင်သီးမှည့် ထိုးထားတယ်မို့လား
.
.
ဟုတ်..ရတယ် ခြံထဲမှာပဲ ထားခဲ့ လိုက်။အင်းပါ.. ဟု”
>>>
လာ.. သရက်ခြံ ထဲ သွားရအောင် ဆိုပြီး ယုကို ခေါ်လိုက်တယ်။သရက်ခြံထဲရောက်တော့ ယုက တအံ့တဩနဲ့
“ဟယ် ၊အခုမှ မြင်ဖူးတယ်။