မကျင်နဲ့အတူ မေကြီးရဲ့ မီးဖိုချောင် ထဲမှာ
ဘူးရွက်ကူ သင်ပေးနေတဲ့သူမကို
ဘယ်လိုစကားစပြောရမလဲ စဉ်းစားလိုက်။မန်းကျည်းပင်ဘက်လမ်းလျှောက် လိုက်နဲ့
ဗျာများနေရတယ်။ခဏနေတော့ မကျင်က လှမ်းအော်တယ်။
"ဖိုးဉာဏ်ရေ... ဘူးရွက် ရေဆေးပေးပါအုံး""ဟုတ်" ဆိုပြီး သွားယူတော့ အကင်းပါးတဲ့
မကျင်က"ယုယု၊ ငါ့ညီမပါ လက်လိုက်ဆေးပါ့လား"
ရေကန်က မန်းကျည်းပင်ရဲ့ မြောက်ဘက် အရိပ်လည်းရသလို ။တိတ်လည်းတိတ်ဆိတ်တယ်။
လမ်းဘက်ကနေ စပ်စု ပြီး လှမ်းကြည့်ရင်လည်း မမြင်ရသလို။
အိမ်ထဲကလူတွေလည်း အလွယ်တကူမမြင်နိုင်တဲ့ နေရာဆိုပါတော့။
အမ၀မ်းကွဲရဲ့ ကျေးဇူးကြောင့် စကားပြောဖို့နေရာ ကတော့ ရသွားပြီ။စကားပြောဖို့ ပဲ ကျန်တော့သည်။
စကားပြောဖို့စဉ်းစားရင်း အဖေနဲ့ ဘကြီးတို့ကို အပြစ်တင်မိသေးတယ်။
"လယ်ထွန်တာတို့၊ နွားကိုင်တာတို့၊ စက်မောင်းတာတွေကြ သင်ပေးပြီးရည်းစားစကား ပြောနည်းကြမသင်ပေးဘူးကွာ"
"ဟိုကောင်တွေ ဆီကျတော့လည်းမမေးချင်ဘူး။ အခုခေတ်ကြီးထဲ ဘယ်ကောင်မှ သင်ပေးစရာမလိုပဲ ၊မွေးကတည်းကတတ်နေကြတဲ့ လေသံနဲ့ ပြောနေကြတာ။
ဘာခက်လည်းကွာ မနေ့ကတောင်
အဆင်ပြေအောင် ငါ ပြောတတ်သေးတာပဲ။လက်ထပ်ဖို့အထိ ပြောရမှာဆိုတော့ နည်းနည်းရင်တုန်နေမိတယ်"
"ဟိုဟာ..... ယု ... ခဏ ထိုင်ပါလား"
ဆိုပြီး ရေကန်ဘောင်ဘေး သူမကို
ထိုင်ခိုင်းလိုက်တယ်။"ယု..."
"အင်း"
သူမနာမည် လေး ယု ဆိုတဲ့စကားလုံးကိုသာ
အကြိမ်ကြိမ် ခေါ်နေမိတာ။ပြောချင်တဲ့စကား အစရှာမတွေ့တော့
ပြောချင်သလို ပြောလိုက်မိတယ်။
" ကျွန်တော် ... အဖေ့ကို ပြောလိုက်တယ်။
ယုကို ယုမိဘတွေဆီမှာ လိုက်တောင်းပေးဖို့"