တရုတ်မလေးနဲ့ ဒုဌ၀တီသား (၂၂)
မောင့်စကားတွေ ကြားလိုက်ရတဲ့ ယု မှာ ကိုယ့်နား ကိုတောင်မယုံရဲဘူး။
မောင့်အကြည့် တွေ မောင့်မျက်နှာ ပေး အကုန် အကုန် ပြန်မြင်လိုက် ကြားယောင်လိုက်နဲ့ ယု ခေါင်းတွေ ပိုမူးဝေလာတယ်။
အိပ်ရာရှိတဲ့ အခန်းကျဥ်း လေးရဲ့တံခါး ကို တောင် အဆုံးသတ်အောင် မဖွင့်လိုက်နိုင်။
အိမ်ထဲက မီးခလုတ်ကြိုးကို လည်း လှမ်းမဆွဲနိုင်။ တုန်တုန်ရီရီ နဲ့ မျက်ရည်တွေ ကျရင်း အရှေ့ခန်းလို့ ခေါ်တဲ့ အကာအရံတွေမပါ အသီးတွေကျင်း လေ့ရှိတဲ့ စင်ပေါ် ထိုင်ချလိုက်မိတယ်။
.
.
>>>>>
ဘယ်နှစ်နာရီ ကြာသွားမှန်းမသိအောင် အမူးသမားတွေ ရဲ့ ဖုန်းစကားပြောခန်းက ဖုန်းအားကုန်မှ ရပ်သွားတယ်။နေ့ခင်းက ၀တ်သွားတဲ့ ရှပ်လက်ရှည် နဲ့ ဘောင်းဘီရှည်ကြောင့်အေးလို့အေးမှန်းမသိတဲ့ ဉာဏ်က ဖုန်းအားကုန်အောင် တော်ကီတွေ ပွားပြီမှ အိမ်ထဲက မှောင်မည်းနေတာကို သတိထားမိတယ်။
မမူးတမူး ဖြစ်နေတဲ့ခေါင်းကို ခါရမ်းပြီး မပွင့်တပွင့် ဖြစ်နေတဲ့ တံခါးကို ဖွင့်လိုက်တယ်။ မီးမဖွင့် ပဲအိပ်ရာကို လက်နဲ့ စမ်းပြီ ၀င်အိပ်လိုက်တယ်။
…
ဟို ဘက်လိမ့် ဒီဘက်လိမ့် အိပ် နေရင်း အေးလာသလိုဖြစ်တော့ စောင်ကို စမ်းရင် လက်ကဘေးနားက သူမအိပ်တဲ့ အတွင်းဘက်ကို လှမ်းစမ်းဖြစ်တယ်။တမင်တကာ ဟိုဘက်တိုးအိပ်နေတာဖြစ်မယ် တွေးပြီ စောင်ကိုပါ မယူ တော့ပဲ သူမ ဘက်ကို ကျောပေးပြီး အိပ် ပစ်လိုက်တယ်။
.
.အေးလာတာကတမျိုး၊ ခြင်ကိုက်တာကတမျိုး
ဘီယာ မော့ လာ တော့ ဆီး သွားချင်လာတာနဲ့
အိပ်ရေးပျက်ခံ ပြီ ထဖို့ ပြင်လိုက်တယ်။အိပ်ရာဘေး စမ်းတော့ ဖုန်းကလည်း မလင်း ။ မီးခလုတ် ကြိုး လှမ်းဆွဲဖို့ ပြင်တော့လည်း စမ်းမရနဲ့။
“ရူပ်တယ် ကွာ ဆိုပြီး ၊ ဒီတိုင်းအောက်ဆင်းလိုက်တယ်”
ကိုယ်က ရွာသားဆိုတော့ မီးမရှိလည်း မှန်းရန် ပြီ သွားတတ်လာတတ်တယ်။