တရုတ်မလေး နှင့်ဒုဌ၀တီသား (၂၉)
“ယု”
ခင်များကလေ အစားနှင့်ပက်သက်ရင်း
ဘယ်တော့မှ မောင့်စကားနားမထောင်ဘူး။အများကြီးမစားနဲ့နော် လို့သတိ
ပေးလိုက်ရင်လည်း
“နည်းနည်းလေးပဲ စား မှာ"
နည်းနည်းပဲ နဲ့။အကုန်နင်းကန်စား။ပြီးရင် အစာအိမ်က လက်မခံနိုင်။
လူက မနေနိုင် မထိုင်နိုင် နဲ့ ဒုက္ခတွေရောက်။ဒီက ခင်များ အကြောင်းသိလို့ တားနေလည်း
ဂရုမစိုက်ဘူး။အစား စားနေတုန်း တားပြန်ရင်လည်း ကျုပ်က ပြိတ္တာဖြစ်အုံးမယ်။
“တော်ပါတော့ မောင်ရာ။ နင်က အဘိုးကြီး ကြနေတာပဲ။”
“အေး ငါ တော့ ပြန်ပြောနိုင်သေးတယ်နော်။
လူက သာ …”“ဉာဏ်”
အော်လိုက်တော့လည်း ငြိမ်ကျ သွားတယ်။
ခဏနေမှ လူကို သေချာကြည့်ပြီး
“အော်…အော်။ ငါ့ကို ကြအသံ ပြဲ ကြီးနဲ့အမြဲအော် နိုင်တယ်။”“မောင်ကလည်း…”
အသံ တင်းရာကနေ ပျော့ လိုက်ပြီး မျက်ရည်ဝဲဝဲလေးနဲ့ သူ့ကို သေချာစိုက်ကြည့် လိုက်ရင် ပွစိပွစိ ပြောတာတွေရပ်သွားတတ်တဲ့မောင်။
ည ၇ နာရီထိုးမှ ဗိုက်တွေကရစ် အန်တော့လည်း အန်မရ နဲ့ အိမ်သာရှေ့မှာပြဿနာတက်နေတဲ့ယု ။
သူမကိုကြည့်ပြီး စိတ်မသက်မသာ မျက်နှာနဲ့ ဆူနေတဲ့ သူမယောကျာ်း ဉာဏ်။
“လာ.. လာ ..ထ … ဗိုက် ကို အုန်းဆီ ပွတ်ပေးမယ်။”
ပါးစပ်က သာဆူတာ ။လက်တွေ့ မှာတော့ သူ့မိန်းမ သက်သာဖို့အရေး
သူ့အရေးလုပ်နေရှာတာ။သူသိသမျှ တတ်သမျှ သုံးပြီး လုပ်ပေးနေတာ ပျာယာတွေ ကို ခတ်လို့။
သူတစ်ခါတစ်ရံ လိမ်းတဲ့ အုန်းဆီ ပုလင်းထဲကနေ သူမိန်းမ ဗိုက်ကို သေချာပွတ်လိမ်း ပေးလိုက်တယ်။
နောက်ကျောကိုပါ သေချာ နှိပ်ပေးလိုက်တယ်။
ခဏနေတော့ “ဂေ့” ဆိုပြီး လေ ချင်တက် သံကြားလိုက်ရတယ်။