တရုတ်မလေးနှင့်ဒုဌ၀တီသား (၁၉)
မင်္ဂလာဆောင်ပြီး တစ်ပတ်အကြာမှာ ကျောင်းပြန်ဖွင့်တာမို့ ကျောင်းပြန်တက်
ဖို့အတွက် ဇနီးမောင်နှံ အသစ်စက်စက်ကလေးလည်းပျော်ပျော်ပါးပါးမော်တော်ယာဉ် ဆိုင်ကယ် တစ်စီးနဲ့မြို့ထဲသို့ သွားကြဖို့ ပြင်နေသည်။
ယောက္ခမအိမ် လိုက်နေမယ့် သူမသားလေး မျက်နှာမငယ်ရအောင်ဆိုပြီးဒေါ်တင့်
တစ်ယောက်လည်း သားတော်မောင် မောင်ဖိုးဉာဏ်ကလေးကို ခါတိုင်း ကျောင်းတက်လျှင် ပေးသည့်ကျောင်းမုန့်ဖိုးထက် ပို၍ တိုးတိုးတိတ်တိတ် ထည့်ပေးလိုက်သည်။
အမေသန်းကလည်း မြေး အတွက် အဆောင်သွားတိုင်းထည့်ပေးနေကြဖြစ်တဲ့ သရက်သီးသနပ်၊ ငါ့ရံ့ခြောက် ဖုတ် ဆီစိမ်၊ ပုစွန်ခြောက် ငရုတ်သီးကြော် ကို ဘူးကြီး ဘူးငယ်ဖြင့်ထုပ်ပေးထားသည်။
ဒါ့အပြင်ခြံထဲကအသီးအနှံ အစုံကိုလည်း ပီနံအိတ်ကြီးထဲထည့်ပေးထားသည်။
"ငါ့သားတို့က ဆိုင်ကယ်နဲ့ သွားနှင့်ကြ။ မင်းအဖေက အထုပ်အပိုးတွေ အိမ်ကကားနဲ့ လိုက်ပို့ပါလိမ့်မယ်။"
"စကားအရသာ သားကို အမြင်ကတ်နေရတာ။
စိတ်ထဲမှာတော့ ငါ့သားလေး သူများအိမ်မှာ နေတတ် စားတတ်ပါ့မလား တွေးပူလိုက်ရတာ။
ကိုအောင်ကတော့ ယောင်္ကျားသားမို့ လို့လားမသိပေါင်။
သားကို
"ခင်များသား အရွယ်ရောက် လို့ မိန်းမ တောင်ရနေပါပြီ။သူ့ဖာသာ ကြည့်ပြီး ဇာတ်ကပါလိမ့်မယ်။ ခင်များစိတ်ပူစရာမလိုပါဘူး" ကခဏခဏပြော။
"အင်း ချွေးမကြည့်ရတာတော့ အိမ်ကသားပေါ် သံယောစဉ် တွယ်မယ့်ပုံလေးပါ။
အင်း..... မပြောတတ်တော့ပါဘူး။
မြို့သူတွေဆိုတာ အပျော့ချွဲကလေးနဲ့ ယောင်္ကျားပေါ် သိပ်နိုင်စားတတ်ကြသတဲ့။
အင်း.... မတွေးတတ်ဘူး။ ငါမတွေးတော့ပါဘူးလေ။
အပူတွေ...အပူတွေ အပိုမရှာတော့ပါဘူးလေ....