တရုတ်မလေးနှင့်ဒုဌ၀တီသား (၃၇)
“သီတင်းကျွတ်လပြည့်ကျော် (၁၂) ရက်နေ့ က အမေကြီး
မွေးနေ့ “ မိန်းမရဲ့။
“ဟုတ်လား ။ အဲ့ဒါဆိုရောက်တော့မှာပဲ “
အမေကြီး မွေးနေ့ မှာ ဘာလုပ်ချင်လဲဆိုတာ မေးရမယ်။
“မောင့်ရော မေးအုံးလေ။ မောင် အခု ဘာလုပ်ချင်လဲလို့”
“မေးပါဘူး ..မောင်နော် .. လက်ကို ငြိမ်ငြိမ် ထားစမ်းပါ”
“မထားပါဘူး ..,”
“မောင်နော်..”
“မောင်နော် ဆိုတဲ့ အသံကြားရင် ဘယ်နေရာ၊ ဘယ်ချိန်အဖြစ်ဖြစ်
အင်းပါ .. မိန်းမရာ ဆိုပြီး လုပ်တတ်တဲ့ ဖိုးဉာဏ် က အိပ်ရာပေါ်ရောက်ရင်
တော့ နိုး..ပဲ”
ဒါပင်မယ့်လည်း ညအိပ်ရာ၀င်တိုင်း ယု့ ကို သူ့လက်မောင်းပေါ်တင်သိပ်ရင်း မိသားစု အကြောင်း တွေ၊ ရွာက ပွဲတော်တွေအကြောင်း ပုံပြင်ပြောသလို ပြောပြတတ်တဲ့ အကျင့်ကောင်းလေး မောင့်မှာ ရှိတယ်။ အဲ့တာတွေကြောင့်လည်း ပိုချစ်ရတာ။
အကျင့်ဆိုးလေးကတော့ သိတဲ့အတိုင်း …..
>>>>
မွေးနေ့မှာ မဟာမြတ်မုနိ ဘုရားကြီးကို သွားပြီး ရွှေသင်္ကန်းကပ်ချင်တယ်ဆိုတဲ့ အမေကြီးဆန္ဒကြောင့်
လပြည့်ကျော် (၁၂)ရက်နေ့ နံနက်ခင်း မှာ မန္တလေး ရွှေမြို့တော်ကို
ခရီးထွက်ခဲ့ကြတယ်။
၂၀၁၅ ခုနှစ် နောက်ပိုင်း တဟုန်ထိုး ပြောင်းလဲ တိုးတက် နေတဲ့ ရွာလမ်းတွေက မန္တလေးမြို့တော်ဆီ ရောက်ဖို့ မိနစ် ၃၀ ကျော်လောက်သာကြာမြင့်သည်။
ရောက်တာနဲ့ ဖိုးဉာဏ်လည်း ကားပါကင် နေရာမှာ သူမောင်းလာတဲ့
ဟွန်ဒါ အင်ဆိုက် အမျိုးစား ကားလေးကို ကျွမ်းကျင်စွာ နေရာချလိုက်တယ်။
နေရာချပြီးတာနဲ့ ကချင်ချည်ထည် မော်ဒယ်စိမ်းရောင် ၀မ်းဆက်ကလေးနှင့် လှချင်တိုင်း လှနေသည့် ယုယုက အလျင်အမြန်ဆင်းပြီး အမေကြီးကို တွဲခေါ်သည်။