Ep. 1

1.8K 158 16
                                    


"မာမီ့ ဒါလေး"

"ဟောတော် ~~အဟွန်း"

ချစ်စဖွယ်သမီးငယ်လေး လက်ညိုးထိုးပြရာကြည့်လိုက်တော့ ယောက်ျားလေးဆော့စက်ရုပ်တစ်ရုပ်။
စက်ရုပ်က သူ့အကြိုက် အပြာရောင်လေးပါတာမို့သမီးသဘောကျနေဟန်တူ၏။
Ms.Park တယောက် ဟက်ဟက်ပက်ရယ်မောလိုက်မိသည်။ အနောက်မှလိုက်ပါလာသော ဒရိုင်ဘာ Mr.Kim ထံမှလဲ ရယ်သံသဲ့သဲ့။
သူမသမီး၏ပါးဖောင်းဖောင်းလေးကို ချစ်စနိုးဆွဲဖျစ်ရင်း~~~

"ဒီစက်ရုပ်လေးလား chae လေး"

"အွန်း~~"

၃နှစ်အရွယ်ချစ်စဖွယ်သမီးလေးက ဆံပင်လေးတွေခါနေအောင်​ေခါင်းညိတ်ပြသည်။

"သမီးလေးကလည်း~~ unnie ကဒီလိုယောက်ျားလေးကစားတဲ့အရုပ်မျိုးကြိုက်ပါ့မလား "

"ဟင် ဝဲရော်"

"unnie က မိန်းကလေးလေ..ဒီလိုကစားစရာတွေမကြိုက်ဘူး
သမီိးလေးမှာရှိသလိုမျိုး ဘာဘီအရုပ်လေးတွေ သူသိပ်ကြိုက်တဲ့ hello kitty အရုပ်လေးတွေ ဝယ်ရမှာပေါ့..။
သူ့မွေးနေ့ဆိုတော့ သူကြိုက်မဲ့ဟာလေးတွေ၀ယ်ရအောင်နော်"

"ဟာ မဟုတ်တာ မမလေးရယ်
ဒုက္ခမရှာပါနဲ့ "

"ဘယ်ဖြစ်မလဲ Mr.Kim ရဲ့~~
ji လေးမွေးနေ့ကို ကျွန်မက၀ယ်ပေးချင်လို့ပါ
မငြင်းရဘူးနော်
ကဲ~~မီးလေး မာမီ့ဘာသာပဲရွေးတော့မယ်"

Ms.Park တစ်ယောက် သမီးကို နားလည်အောင်ရှင်းပြရင်း အရုပ်ဆိုင်ထဲအလုပ်ရှုပ်နေတော့သည်။
Hello Kitty အရုပ်တချို့ကိုရွေးရန်ပြင်တော့~~~

"ဟင့်အင်း ဟင့်အင်း chae ရွေးပေးတာပဲယူရမယ် ~~ unnie ကိုအဲ့ဒီစက်ရုပ်လေးပဲပေးမှာ"

"ကြည့်စမ်း~~သမီးလေးနော်
ဒီလိုဂျစ်တိုက်တာမာမီမကြိုက်ပါဘူး
သမီးကြိုက်ရင် သမီးကိုမာမီ၀ယ်ပေးမှာပေါ့~~ဒါက unnie အတွက်ပါဆို"

"ဟင့်အင်း~~ဟင့်အင်း အဲ့ဒီ Hello Kitty ကြီး
မယူရဘူး စက်ရုပ်ပဲပေးရမယ် chae လေးပေးတာပဲယူရမယ် ဟီး"

"သမီးနော်"

ဆိုင်ထဲက ဝန်ထမ်းတွေပါ ဝိုင်းကြည့်နေကြပြီမို့ သမီးဂျစ်တိုက်နေတဲ့ပုံကို Ms.Park စိတ်မရှည်တော့။
သမီးက ငိုမဲ့မဲ့ဖြစ်နေတော့ သူမလေးကိုချစ်သော Mr.Kim က ချက်ချင်းကောက်ချီကာ...

𝙊𝙒𝙉𝙀𝙍Where stories live. Discover now