"ဘွား~~ ""ဟင် မြေး"
"အဟင့်"
chae တစ်ယောက် Ms.Park ရင်ခွင်ထဲပြေးဝင်ကာ အားရပါးရငိုချပစ်လိုက်သည်။
ငယ်ငယ်ထဲကငိုပြီဆိုဘယ်တော့မှမျက်ရည်မကျ၊
သူမလေးငိုလျှင် အိမ်ရှိလူအကုန်ပျာယာခတ်နေတတ်တာမို့ငိုကြောင်းလူသိစေရန်သာအသံကုန်ဟစ်ပြီးငိုခဲ့သည်။ထိုသို့သောကလေးက အခုတော့အူလှိုက်သည်းလှိုက်ငိုကြွေးနေတာမို့ ရင်ထဲပူလာရ၏။
"မြေး chae လေး ဘာဖြစ်လာတာလဲ
ဘွားကိုပြောစမ်း"chae ဘွားကိုတော်တော်နှင့်ပြန်မဖြေနိုင်။
အဆက်မပြတ်ကျလာသော မျက်ရည်တို့ကိုသာထိန်းချုပ်နေရ၏။
မချစ်ပါဘူး လက်မထပ်နိုင်ပါဘူးဟုပြောကာ chae ကို ရွံစရာသတ္တဝာစ်ကောင်လို မုန်းတီးရွံရှာစွာကြည့်သော unnie ရဲ့အကြည့်တွေ~chae ကအဲ့လောက်တောင်မုန်းစရာကောင်းတာလား။
"မြေး~~ဘာတွေဖြစ်လာတာလဲ
ဘွားရင်တွေပူနေပြီ တစ်ခုခုပြောပါဦးမြေးရယ်""ဘွား~~ unnie လေ... unnie.. အီးဟီး..အင့်.."
"jiji လေးနဲ့တွေ့လာတာလား"
"unnie က chae ကိုမုန်းနေတာ။ လက်မထပ်နိုင်ဘူးတဲ့"
ခုနက စကားဝိုင်းကိုအကုန်ကြားလိုက်ပြီဖြစ်ကြောင်း Ms.Park နားလည်လိုက်သည်။
chae လေးခံစားချက်ကို နားလည်လိုက်တာမို့ တစ်ခုခုစကားဆိုရန်ပျော့ပျောင်းသော ရွှေဝါရောင် ဆံနွယ်လေးတွေကိုသပ်တင်ပေးလိုက်၏။chae က နီရဲနေသောလက်ဖဝါးလေးကို ဆုပ်လိုက်၊
အံကလေးကြိတ်လိုက်၊
ပြန်ဖြန့်ကြည့်လိုက်နှင့်အလုပ်ရှုပ်နေခဲ့ပြီး~~"chae unnie ပါးကိုရိုက်ချလိုက်မိတယ်ဘွား...
ဟင့်... unnie ကိုစော်စော်ကားကားလဲပြောမိလိုက်တယ်..."အကြမ်းအတမ်းပါနမ်းခဲ့မိတယ်ဆိုတာတော့ထည့်မပြောတော့။ chae ရှက်လို့ပင်။
"ဘယ်လို!ဒုက္ခပါပဲမြေးရယ်~~
jiji လေးက ဘယ်လောက်အမှတ်သညာကြီးလဲသိရက်နဲ့"ကြောက်လန့်နေတာလား။
ကိုယ့်ကိုယ်ကို အပြစ်တင်မိတာလား။
ယူကြုံးမရဖြစ်နေတာလား
မသဲကွဲသောခံစားချက်မျိုးစုံနှင့် chae နှုတ်ခမ်းလေးတွေတဆတ်ဆတ်တုန်ယင်နေသည်။