''နင်ငါ့ကိုဘာလို့လာမတွေ့တော့တာလဲ Joy.. ငါသေချာပေါင်းဖြစ်တာဆိုလို့ရှိမှနင့်တစ်ယောက်ထဲပါဆို ဘာလဲ ငါ့ကိုပလစ်ချင်ပြီပေါ့""ဟုတ်မလားချယ်ယောင်းရဲ့ ငါနင့်ကိုဘယ်လောက်ခင်တယ်ဆိုတာသိသားနဲ့ ကြံဖန်ရစ်နေပြန်ပြီ.. ကားကို ဒယ်ဒီပြန်သိမ်းသွားလို့ဟ..
ငါ သူ့ကိုဆန္ဒပြထားလို့ အိမ်မှာလဲမနေတော့ဘူး၊ club မှာပဲသူငယ်ချင်းတွေနဲ့အတူနေနေတယ်""ဟင်...ဘယ်လိုဖြစ်ရတာလဲ"
chae မျက်နှာမှာ ချက်ခြင်းကြီး စိတ်မကောင်းဟန်တို့ဖြင့် ဖုံးလွှမ်းသွားသည်။
"အဟင်း...ဒီလိုပါပဲဟာ၊ ငါက ဒက်ဒီမကြိုက်တာတွေပဲ လုပ်မိနေတာကို၊ ဒက်ဒီက သူ့စိတ်တိုင်းကျငါ့ကို ပုံသွင်းချင်နေတယ် ငါက လွတ်လွတ်လပ်လပ်အနှောင်အဖွဲ့မရှိနေချင်တဲ့သူဆိုတော့ ဒက်ဒီနဲ့တွေ့တော့တာပေါ့...အာ sorry ဟာ၊ နင့်စိတ်ညစ်အောင်ပြောနေမိပြန်ပြီ"
"ဟင့်အင်း.. ညစ်စရာလား Joy ရဲ့ နင်ကဘယ်သူမို့လဲ ငါ့ရဲ့နှစ်ယောက်မရှိတဲ့သူငယ်ချင်းလေးပဲဟာ"
မိသားစု တစ်ခုမှာဒီလိုတွေဖြစ်တတ်သည် ဆိုတာသူမနားလည်ထားသည်။
သူမမှာတော့ ပြေးကြည့်မှ ဘွားတစ်ယောက်သာ သူမအတွက်တစ်ဦးတည်းသောမိသားစု...။
ထိုအဘွားကပဲ သူမလိုသမျှ မျက်နှာတစ်ချက်ကလေးမှအညှိုးမခံဘဲ ဖြည့်ဆည်းပေးခဲ့သည်။ တုန်နေအောင်ချစ်သည့်အပြင် မရှိစကားမကြားစေရ။
သူမအပေါ် ချစ်လွန်းသောဘွားကို chae ကလည်းအရမ်းချစ်ပါ၏။
ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့အမြင်မှာတော့ chae ကအဘွားအိုကြီးရဲ့ စည်းစိမ်ပုံပေါ်နေပြီး ဆိုးသွမ်းနေသော မိန်းကလေးတစ်ယောက်။
သူမဆိုးတယ်ဆိုရင်တောင် ဒါဟာချစ်လို့ဆိုးတဲ့နွဲ့ဆိုးဆိုးတာလူတွေဘာလို့နားမလည်ကြပါလိမ့်...။"chae ငါပြောတာကြားလား"
"ဟင်...ဟီး ဟုတ်သားပဲ၊ sorry Joy နင်ဘာပြောတာလဲ "
"ငါအခုတလော အားမှာမဟုတ်ဘူးလို့.. နင့်ကိုအရင်လိုအချိန်မပေးနိုင်လို့ရှိရင်..."
''ဘာမှမဖြစ်ဘူး.. နင်မပေးနိုင်ရင်ငါပေးမယ် ငါနင့်ကို အစကတည်းက ငါ့အနားမှာပဲလုပ်လို့ပြောလဲနင်မှမရတာကို အခုတော့မငြင်းနဲ့တော့ Joy"