"အေးလေ... နင်က chae လေးကို အဲ့လောက် ဥပေက္ခာထားနိုင်ပေမဲ့ eomma ကတော့ မလုပ်နိုင်ဘူး၊ နင်မသွားရင် ငါ သွားမယ်...""Eomma!..ဒီအချိန်ကြီး eomma သွားသင့်တဲ့နေရာမဟုတ်ဘူးနော်၊ eommaတို့အဲ့ဒီလိုကြပ်ကြပ်အလိုလိုက်...
အဲ့ဒါကြောင့် အဲ့ဒီဂြိုလ်ဆိုးအရမ်းဆိုးနေတာ၊ Ms.Park ရဲ့ အရှိန်နဲ့ဆိုးတာအားမရလို့ Eomma အားကိုးနဲ့နောက်ဆိုပိုဆိုးတော့မှာ အသေအချာပဲ"Jisoo ထိုင်ရာမှထကာ မကျေမနပ်ခြင်းများစွာဖြင့်ပွစိပွစိပြောပြီး ကုတ်အင်္ကျီကိုဆွဲဝတ်သည်။
Ms.Kim ၏အကြည့်တို့က Jisoo နောက်ကျောမှာကပ်ပါသွားလျက်....
"ငါပြောလို့မပြီးသေးဘူး jisoo.. အဲ့ဒါဘယ်သွားမလို့လဲ"
jisoo eomma ကိုဆူပုတ်ပုတ်နဲ့ တစ်ချက်ငဲ့စောင်းကြည့်ကာ...
"eomma ရဲ့ အလိမ္မာတုံးလေးကို သွားထုတ်ပေးမလို့လေ၊ မဟုတ်ရင် ဒီည ji အိပ်ရပါ့မလားမသိဘူး...
အိမ်မှာပဲ eomma စိတ်အေးအေးနေခဲ့ပါ ji သွားပြီ"ကျောခိုင်းသွားသော ကျောပြင်ကိုနားမလည်နိုင်စွာကြည့်ရင်း Ms.Kim နှုတ်ခမ်းထက်အပြုံးတို့တဖြည်းဖြည်း တွဲလဲခိုလာသည်။
ပြီးတော့ ချစ်စနိုးမျက်စောင်းလေးထိုးလိုက်ရင်းက..."ခုနထဲက သွားလိုက်ရင်ပြီးရော.. နေနိုင်တာလဲမဟုတ်ဘဲနဲ့"
~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟာ... ji"
ရဲစခန်းအပြင်ဘက် ငုတ်တုတ်လေးထိုင်နေသော MinJae က Jisoo ရောက်လာသည်နှင့်ဝမ်းသာအားရထရပ်သည်။ ပြီးတော့...
"ကျွန်တော်ထင်သားပဲ၊ ji လာမှာပါလို့"
"အပိုတွေပြောမနေနဲ့ အခုခြေအနေဘယ်လိုရှိလဲ"
jisoo တစ်ချက်လောက်ဟောက်လိုက်မှမျက်နှာပိုးသတ်ကာ...
"ကျွန်တော်ရှေ့နေခေါ်ထားတယ်.. အခုသက်ဆိုင်ရာတွေနဲ့ ရှေ့နေ စကားပြောနေလို့ကျွန်တော်ထိုင်စောင့်နေတာ၊ ပြဿနာက ဘာမှမဟုတ်ပါဘူး၊ Ms.Park Chae Young တို့အပြန်ကို အုပ်စုတစ်စုလိုက်နှောင့်ယှက်လို့ဖြစ်တာ"
ထိုအချိန်မှာပဲ Park Chae Young တို့က ပြန်ထွက်လာပြီဖြစ်ရာ....
"ဟာ.. unnie!"