"အဲ့ဒီလိုကိစ္စတွေအထိ အသိပေးရလောက်အောင်အထိ နင်က ငါ့အတွက်အရေးမပါဘူး""နင့်စကားတွေက ဘယ်လိုအဓိပ္ပါယ်သက်ရောက်စေတယ် ဆိုတာနားလည်ရင် ပြန်လိုက်တော့"
"အဟင့်... အကြင်နာတရားမရှိတဲ့သူ"
ကားမောင်းရင် ကားစီယာတိုင်ကိုထုလိုက်၊
ဘေးကခုံကိုထုလိုက်နှင့် chae ဒေါသတွေကိုသွန်ချနေမိသည်။
ဒီကြားထဲအကြင်နာမဲ့သောစကားတွေကိုပြန်ကြားယောင်မိတော့ အမှတ်မရှိသောမျက်ရည်က ကျချင်လာ၏။
ဒီလိုအပြောအဆိုခံရတာတွေကခံစားချက်ကို မျိုသိပ်မထားနိုင်သော သူမအမှားတွေသာဖြစ်သည်။ဟိုးအရင်ကလိုပဲ မောင်းထုတ်မယ်ဆိုတာသိရက်နဲ့ အကြင်နာမဲ့သောသူထံမသွားသင့်။
unnie အမြင်မှာ ဟန်မဆောင်တတ်သော...အရှိကိုအရှိတိုင်းပြောတတ်သော...
ခံစားချက်ကိုမကွယ်ဝှက်တတ်သော...သူမ ကဘယ်လောက်တောင် တန်ဖိုးမဲ့နေပြီလဲ။
ဒီလိုမကြင်နာသူကိုမှ တစ်ရက်ပြီးတစ်ရက် တွယ်တာလာမိသည့် သူမအဖြစ်ကို ဆန်းစစ်ရလျှင်....'အချစ်ကြီး ချစ်မိပြီ'ဟူသော
အဖြေမှလွဲ၍...~~~~~~~~~~~~~~~~~~~~~~~~~~~
ခြံထဲမှ ကားလေးဝုန်းဒိုင်းကြဲထွက်သွားလျှင်
jisoo နှုတ်ခမ်းထက်မှခပ်မဲ့မဲ့အပြုံးတို့ကိုခွာချကာ လက်ကဖုန်းဆီရောက်သွားရင်း~~"MinJae.. ဘယ်မှာလဲ"
".........."
"အိမ်ရောက်ခါနီးပြီးလား..."
"........."
"အဲ့ဒါဆို အိမ်ကိုမလာခင် အဲ့ဒီကောင်မလေးနောက်လိုက်သွား"
"........."
"မဟုတ်ဘူး...ကားကိုအကြမ်းပတမ်းမောင်းသွားတာ..
park chae young အိမ်ရောက်တဲ့အထိ ကားနဲ့နောက်ကလိုက်သွား.. သူအိမ်မပြန်သေးသရွေ့ ငါ့ဆီမလာခဲ့နဲ့
ဪ...နေဦး၊ MinJae လိုက်လာတာ သူမသိစေနဲ့နော် ""........."
"ဟုတ်ပြီ"
MinJae ကို မှာစရာရှိတာမှာပြီး Jisoo ခြေလှမ်းတွေကို သူမအခန်းဆီဦးတည်လိုက်စဉ် လှေကားထစ်မှာ ရပ်နေတာက Eomma။
ဘယ်အချိန်တည်းက ရောက်နေမှန်းမသိဘဲ jisoo အားမျက်လုံးစိမ်းများဖြင့် စူးစိုက်ကြည့်နေ၏။