Ms.Park Yeri အရှေ့မှာရှိသော ဖိတ်စာလှလှလေးကိုထိုင်ကြည့်နေတာ အချိန်ဘယ်လောက်ကြာသွားသလဲမသိပေ။စေ့စပ်ပွဲတဲ့လား။
ရုတ်တရတ်ကြီးဖြစ်သွားရတာ ဘာကြောင့်လဲ။
အတွေးတွေများနေတာမို့ ရင်ထဲကအောင့်ချင်လာ၏။"Miyeon ငါ့ကိုဆေးယူပေးပါဦး"
"Nae"
အနားရှိ Miyeon ယူပေးသော သောက်နေကျဆေးကိုအမြန်သောက်လိုက်ရသည်။
"Mrs.Park နေမကောင်းဘူးလား
ကျွန်မဆရာဝန်ပင့်လိုက်မယ်လေ""မလိုဘူး ရတယ်
ဒါနဲ့ ဒီဖိတ်စာကဘယ်သူလာပေးတာလဲ jiji လေးကိုယ်တိုင်လား""Nae.. Mrs အိပ်နေတာနဲ့ ji လေးကမနှိုးပါနဲ့
ဆိုလို့""ဟင်း~~"
Ms.Park Yeri မျက်နှာသိသိသာသာပျက်နေသည်။
ဒါကိုသတိထားမိသော Miyeon က~~"စေ့စပ်ပွဲကိုသဘောမကျလို့လားဟင်"
"အဲ့ဒီလိုလဲမဟုတ်ပါဘူး ~~ ဒီလိုပဲလျှောက်တွေးနေတာ ငါ jiji လေးကိုပြန်ခေါ်နေလို့များ jiji လေးက စိတ်ဆိုးပြီး ဒီလိုလုပ္တာလားမသိပါဘူး
အင်း~~ ငါကလဲငါပဲ ဒီအတိုင်းနေလိုက်ရင်အကောင်းသား""မဟုတ်ပါဘူး သူ့အကြောင်းနဲ့သူရှိမှာပါ"
"ငါ့စိတ်တွေမပြတ်သားဘူး Miyeon na..
jiji ဘဝလေးအေးချမ်းတာမြင်ချင်လို့ အရွယ်မလွန်ခင် သူ့ကိုဂရုစိုက်စောက်ရှောက်ပေးမယ့်သူတစ်ယောက်ရှိစေချင်တယ်
အခုတကယ်စေ့စပ်မယ်လဲဆိုရော jiji လေးကိုနှမြောမိသား""အဲ့ဒါကြောင့် ကျွန်မပြောတာပေါ့
ဟိုအရင် Ms.Park စီစဉ်ထားတဲ့အတိုင်း jiji လေးနဲ့ chae လေးလက်ထပ်ပေးလိုက်ပြီးနေပြီ ၊ ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲဖိတ်
chae လေးက jiji ကိုဘယ်လောက်သံယောဇဉ်ရှိလိုက်လဲ
jiji အပေါ်ဂရုစိုက်ပေးနိုင်ဆုံးက chae လေးပဲ တခြားယောက်ျားသားတွေမလိုအပ်ပါဘူး"Ms.Park Yeri ခေါင်းကိုအသာယမ်းသည်။
မဖြစ်ပါဘူး~~ jiji လေးက ကိုယ့်မြေးလေးကို ဘယ်လောက်တောင်ခါးသီးနေလဲဆိုတာ သူမအသိ။ဒီကြားထဲ မာနက ကြီးသေးသည်။
ကျေးဇူးရှင်မို့ ကျေးဇူးကြွေးဆပ်ခိုင်းတယ်ထင်ရင်မခက်ပေဘူးလား။
ပြီးတော့ မြေးကိုချစ်မြတ်နိုးနေတာလဲမဟုတ်။
စံအိမ်ရောက် စ က jiji လေး၏ ဆူပုတ်ပုတ်မျက်နှာနှင့် စူးရဲတောက်နေသောမျက်လုံးတို့ကိုပြေးမြင်ယောင်မိသည်။
အဲ့ဒီလိုမုန်းတီးနေတဲ့သူတစ်ယောက်နှင့် မြေးကိုလက်ထပ်ပေးဖို့ဆိုတာက~~~