Ep. 10

601 99 20
                                    


''unnie နော် chae ကိုအဲ့လိုမပြောနဲ့
မသင့်မတော်ဖြစ်နေရအောင် chae က unnie ကို ချစ်ပါတယ်လို့ ရည်စားစကားလိုက်ပြောနေမိလို့လား"

"ဘာ"

''unnie ကို chae က ချစ်ပါတယ်လို့လိုက်ပြောနေလို့လားလို့..!! unnie ဘာတွေဖြစ်နေတာလဲ ဘာတွေမျှော်လင့်နေတာလဲ ဒါမှမဟုတ် chae ကို အဲ့မှာပဲရည်းစားစကားပြောစေချင်နေတာလားလို့...!!"

ကြည့်စမ်း~~ ဒီကောင်မလေး ပြောလေဆိုးလေပါပဲလား။
စကားတစ်ခွန်း ဘယ်အတိုင်းအတာထိရောက်သွားမလဲမစဉ်းစားဘဲပြောချလိုက်တာပဲ။

"ဒီမှာ chae လက်အရမ်းနာနေပြီ
အဲ့ဒါ unnie ကြောင့်
unnie တစ်ခုခုလုပ်ပေး"

"နင့်ဘာနင် နမော်နမဲ့လက်ထိုးလို့ဖြစ်တာ ငါကဘာကိစ္စလုပ်ပေးရမှာလဲ.. ကိုယ့်အပြစ်နဲ့ကိုယ်ခံလေ နည်းသေးတယ်"

"unnie!!! chae ကိုစိတ်တိုအောင်မလုပ်နဲ့နော် ဟိုနေ့က နမူနာပြထားတာမမှတ်သေးဘူးလား.. chae က ဒေါသထွက်ရင်လူရှေ့မှာလဲ ရှောင်မှာမဟုတ်ဘူး နေရာသုံးပါးမရွေး ဆွဲသာစားလိုက်မှာ။ unnie နှုတ်ခမ်းက chae စားနေကျ ဂျယ်လီတွေထက်အများကြီးပိုချိုတယ်ဆိုတာသိလား.."

ဒီတစ်ခါတော့ jisoo တကယ်လန့်သွားရသည်။ လူအများကြီးရှေ့မှာ ဟိုနေ့ကလိုအတင်းအကြပ်အနမ်းခံရရင် ရှက်လွန်းလို့ရူးသွားမည်ထင်သည်။
ဒီစောက်ကလေးမ ပြောရင်ပြောသည့်အတိုင်းလုပ်မယ့်ပုံမို့ jisoo စိတ်ရှုပ်စွာ သူ့စိတ်တိုင်းကျလိုက်လုပ်ပေးဖို့ပြင်ရပြန်သည်။
သူမဘယ်အချိန်မှ ထိုဂြိုလ်ဆိုးရဲ့ခြိမ်းခြောက်မှုတွေဆီက လွတ်မြောက်နိုင်မှာလဲ?။
သူမကရောဘာလို့ကြောက်နေရတာလဲ။ အရေးမပါလိုက်တာ။

"ကျွတ်.."

jisoo ရဲ့ဦးတည်ရာက wendy ရဲ့coffee ဆိုင်လေးထဲကိုဖြစ်သည်။
Park Chae Young ကိုမြင်၍ မဝင်တော့ဘူးဆုံးဖြတ်ပြီးမှ ဝင်လာလိုက်ရသည်။

နောက်ကခြေသံကြောင့် jisoo သူလိုက်လာမှန်းသိလိုက်၏။
မှန်တံခါးကိုဆွဲဖွင့်ကာcoffee ဆိုင်ထံဝင်လိုက်သည်နှင့်အားလုံးရဲ့အကြည့်တို့ကလည်း သူမတို့နှစ်ယောက်ထံစုပြုံကျလာ၏။

ဟုတ်ပါရဲ့ ~~ Jisoo က ဝတ်နေကျအတိုင်း ခရမ်းနုရောင် shirt နဲ့ စကပ်အရှည်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားကာ
Park Chae Young ကလည်း ခရမ်း နဲ့ အဖြူတဆက်တည်းဖြစ်ရာ မသိရင် စုံတွဲတွေလိုလို~~

𝙊𝙒𝙉𝙀𝙍Where stories live. Discover now