"Miss.Kim Jisoo.. ကြွပါ ကျွန်တော်တို့ VIP Room မှာစီစဥ်ထားပါတယ် "
သူမရဲ့အလှမှာမှင်သက်ငေးမောနေသော လေလံပွဲရှိလူထုကြီးကို jisoo တစ်ချက်ဝေ့ကြည့်ရင်း သူနဲ့ Minjae စားပွဲမှာဝင်ထိုင်လိုက်သည်။
လေလံတင်ပွဲက jisoo ထင်ထားတာထက်လူစုံနေ၏။
လူအားလုံးနီးပါးရဲ့မျက်လုံးတွေဟာ jisoo ဆီမှာသာ..။"jiji နေရာကအချက်အချာကျလို့ထင်တယ်၊ မြေကွက်ကို အားလုံးမျက်စိကျနေကြတာ
အခုလဲလေလံပွဲကို လာတဲ့ လုပ်ငန်းရှင်တွေအများကြီးပဲ"MinJae က ji အနားကပ်ကာတိုးတိုးဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရအောင်လုပ်ရမှာပေါ့ အဲ့ဒါအရမ်းအရေးကြိးတယ်"
တဖြည်းဖြည်း ခန်းမထဲလူအများအပြားရောက်လာကြ၏။
ရုတ်တရတ် စကားပြောသံတွေဆဲသွားပြီး လူတချို့သမင်လည်ပြန်လှည့်ကြည့်လိုက်ကြသည်။
အားလုံးနည်းတူ Jisoo လည်းယောင်ယမ်းလှည့်ကြည့်မိတော့~~"ဟင်"
"ဟာ ji အဲ့ဒါ Park Chae Young မလားသူဒီဇိုင်းတွေပြောင်းထားပါလား"
အဟုတ်ပါပဲ။ ပတ်ချယ်ယောင်းမှ ပတ်ချယ်ယောင်းအစစ်။
ဒီလိုနေရာမှာ သူ့ကိုတွေ့မည်ထင်မှတ်မထားတာမို့ jisoo တစ်ချက်တော့အံသြသွားရသည်။
လမ်းလျှောက်တိုင်းယိမ်းနေတတ်တဲ့ရွှေဝါရောင်ဆံပင်တွေကို ဘယ်တုန်းကများ မပန်းရောင်ပြောင်းဆိုးလိုက်သည်လဲမသိ။
သူ့မျက်နှာက ပုံစံပြောင်းထားလို့ အရင်ကထက်ပိုပေါ်လွင်နေကာ ထီတထီအပြုံးလေးကလည်းနှုတ်ခမ်းထက်တွဲခိုလျက်သား။"chae က Park Group က Mrs.Park Yeri ရဲ့ကိုယ်စားလေလံပွဲလာတက်တာပါ"
"ဟာ~~ဟုတ်ကဲ့ ဒီဘက်ဝိုင်းကိုကြွပါခင်ဗျ"
သူ့ကိုကြည့်ရတာတော့ ယုံကြည်မှုအပြည့်နှင့်။
လေလံပွဲတာဝန်ရှိသူတွေက jisoo နှင့်တစ်ဝိုင်းထဲနေရာချပေးသည်။ park chae young ကို တွေ့တော့ jisoo အံ့သြသွားပေမဲ့ သူကတော့ကြိုတင်မျှော်လင့်ထားသည့်အလား
တချက်လေးမှအံ့သြဟန်မပြ။
ထိုအချိန်မှာပဲ~~"လေလံတင်ပွဲကြီးစပါတော့မယ်ခင်ဗျား
ပထမဆုံး ခေါ်ယူထားတဲ့ငွေကြေးကတော့
သိန်း၃ထောင်ပါ
ပိုပေးမဲ့သူရှိပါသလား"