" jiji eomma ဝင်ခဲ့မယ်နော်""Nae eomma "
Jisoo စာကြည့်ခန်းထဲ အလုပ်လုပ်နေစဉ် Ms.Kim JoEun အခန်းထဲဝင်လာသည်။
Jisoo ကိုကြည့်တော့ laptop တစ်လုံးနှင့်အလုပ်တွေရှုပ်နေပုံ။"အလုပ်တွေအရမ်းရှုပ်နေလား သမီး"
"နည်းနည်းလေးပါပဲ Eomma.. ji ကွန်ဒိုအသစ်ဆောက်ဖို့ design အချောသတ်နေတာ"
"အလုပ်တွေရော အဆင်ပြေရဲ့လား "
"Nae"
"ဒါနဲ့ The Queen ကိုရော ပုံမှန် သွားဖြစ်ရဲ့လား"
"Nae.. ji ပုံမှန်သွားပါတယ် eomma ရဲ့ Mr.Daniel ရဲ့ရုံးခွဲပဲဟာ ji မျက်နှာမလွှဲထားပါဘူး"
eomma က jisoo ဖြတ်သန်းခဲ့ရသည့် ဘဝဇတ်ကြောင်းကိုအကုန်သိထားသူမို့ တစ်ခုချင်းမေးနေသည်။
သူမ တည်ထောင်ထားသည့် KJ group နှင့်
သူမကျေးဇူးရှင် Mr.Daniel ၏ The Queen ကတြဲလျက်သား။
သူမပဲအုပ်ချုပ်နေရသည်။
jisoo အထက်တန်းအောင်တော့ Halmeoni က နိုင်ငံခြားမှာ ကျောင်းထားသည်။
သူမက ဗိသုကာပညာရပ်ကိုရွေးကာ အလုပ်လုပ်ရင်းကျောင်းတက်ခဲ့၏။
အမေရိကန်လူမျိုး Mr.Daniel နဲ့သာမတွေ့ရင် jisoo ဘဝတိုးတက်ဖို့အတော်လေးအလှမ်းဝေးမှာဖြစ်သည်။"chae လေးလဲ Australia မှာသေချာပညာလေ့လာနေတာ.. သမီးကိုသူ့စံပြအဖြစ်ထားပြီး သမီးလိုထက်မြက်ထူးချွန်လာအောင်လို့တဲ့လေ.."
ပါလာပြန်ပြီ အဲ့ဒီဂြိုလ်ဆိုး။
အတွေးနဲ့အတူ jisoo ခေါင်းအသာယမ်းမိ၏။
ဘာကို ji လိုထက်မြက်ထူးချွန်လာအောင်လဲ အတော်လေးညဏ်နီညဏ်နက်များတဲ့ park chae young အကြောင်း jisoo နောကျေနေပြီဖြစ်သည်။
jisoo သူ့ကိုကျော်တက်သွားမှာစိုးလို့ jisoo ကိုအနိုင်ယူချင်ပြီး အသည်းအသန်တွေလုပ်နေတာလေ..။"Ms.Park Yeri က တကယ်တော့သနားစရာကောင်းပါတယ်"
အက်ကြောင်းထပ်နေသောအကြောင်းအရာတွေကို နောက်တစ်ခါနားထောင်ရဦးမှာမို့ jisoo ကြိတ်ပြုံးမိသည်။
ဒါပေမဲ့ eomma ဘယ်နှခါပြောပြော
သူမနားထောင်ရမှာပဲဖြစ်ရာ~~"သူအရမ်းအထီးကျန်နေရှာတာ သူ့အချစ်ဆုံးမြေးလေးကလည်း အနားမွာမရွိဘူး ချမ်းသာလို့ခြွေရံသင်းပင်းတွေ ဘယ်လောက်ပဲပေါပေါ အနားမွာဘယ်သူမှ မရှိရင်အထီးကျန်တာပဲ အသက်ကြီးတော့ပိုဆိုးတာပေါ့
ဒါနဲ့ သမီးသိလား Ms.Park Yeri မှာ မွေးစားသမီးတစ်ယောက်ရှိတယ်တဲ့ ဆွေမျိုးမကင်းတဲ့မိဘမဲ့လေးကို မွေးစားထားတယ်ဆိုလား"