"Park အိမ်တော်"jisoo ဘဝအတွက်အေးချမ်းမှုတွေမရခဲ့သော စံအိမ်ကိုနှစ်အတော်ကြာမှနောက်တစ်ခါခြေချဖြစ်သည်။
Halmeoni မှာထားတာကြောင့်လားမသိ။
jisoo ကားကိုမြင်တာနဲ့ခြံစောင့်ကချက်ခြင်းဖွင့်ပေးလေသည်။
jisoo ခန့်ညားထည်ဝါသောဆိုင်းဘုတ်ကိုတစ်ချက်ကြည့်တာ ခြံထဲမောင်းဝင်လာခဲ့လိုက်၏။
eomma ကတော့ သွားနေကျမို့ဘာခံစားချက်မျိုးမှဖြစ်မှာမဟုတ်ပေမဲ့ jisoo အတွက်ကတော့
ခံစားချက်မျိုးစုံနှင့်ပြည့်နှက်နေခဲ့သည်။ခြံထဲမှာတော့ အရင်အတိုင်းပင် ပန်းမျိုးစုံနှင့်စိမ်းလန်းစိုပြေနေသည်။
ကားရပ်လိုက်သည်နှင့် အိမ်ကြီးထဲမှ အမျိုးသမီးကြီးတစ်ဦးထွက်လာ၏။
ပြီးတော့ ကားပေါ်မှအရင်ဆင်းလာသော jisoo ကိုမြင်လျှင် သေချာစိုက်ကြည့်နေသည်။"Ms.Miyeon shi နေကောင်းတယ်နော်"
jisoo စတင်နှုတ်ဆက်လိုက်မှ~~~
"အို့မို့~~ ji လေး ဟုတ်တယ်မလား"
"Ms.Miyeon ကလည်း chaw ရဲ့သမီးကိုတောင်မမှတ်မိတော့ဘူးလား"
Jisoo စိတ်လိုလက်ရပြုံးပြလိုက်သည်။
Ms.Miyeon ကတော့ jisoo ကိုတအံ့တသြကြည့်ပြီး~~"အမလေး~~ ပိုပြီးချော ပိုပြီးလှလာလိုက်တာ ji လေးရယ်
စံအိမ်လဲတစ်ခါလေးတောင်ရောက်မလာဘူး အခုမှပဲမြင်ရတော့တယ်
နေနိုင်လိုက်တာ.. ji လေးကိုမြင်တော့ ကလေးကိုသတိရလိုက်တာ"jisoo ပြုံးသာနေလိုက်သည်။
"Halmeoni ရှိတယ်မလား Ms.Mi"
"ရှိတယ် JoEun na~~ လာ အထဲဝင်ကြ"
jisoo တို့အထဲဝင်လိုက်တာနဲ့ တောက်ပြောင်နေသော
ဧည့်ခန်းကဆီးကြိုသည်။"Halmeoni ဆင်းလာတော့မှာပါ"
Ms.Miyeon ထွက်သွားပြီး သိပ်မကြာလိုက်။
Helmeoni ကလှေကားမှတစ်ထစ်ချင်း ဆင်းလာနေသည်။
jisoo ကိုမြင်တာနှင့်~~~"jiji လေး"
မျက်ရည်တို့ဝေ့သီနေသော မျက်လုံးအစုံနဲ့ဘွားက jisoo ကိုကြည့်နေလေသည်။
သူမငယ်စဉ်ကတည်းက မြေးအရင်းမဟုတ်ပေမဲ့ jiji လေး ဟုခေါ်သံကြောင့် jisoo စိတ်တွေနွေးထွေးသွားခဲ့ဖူးသည်။
အခုလဲထိုအတိုင်းပါပဲ~~~