"အိပ်မက်ဆိုး"

1 0 0
                                    

"အိပ်မက်ဆိုး"
(From 7th Feb 2018- Blessings Kim Hyun Joong-Myanmar Henecia )

Kim Hyun Joong ဟာ သူရဲ့ ရည်စားဟောင်း ကိုရိုက်နှက်ပါတယ် ဆိုပြီး 2014 မှစလို့ အမှုရင်ဆိုင်နေရတာ ကမ္ဘာတစ်ဝှမ်းမှ Henecia များ အားလုံးအသိပါပဲ။ အမာခံ Henecia များကတော့ အဆုံးထိ သူ့ကို ယုံကြည်ပေးခဲ့ကြပေမယ့် ပရိတ်သတ်တော်တော်များများကတော့ အဲဒီအမှုအတွက် သူ့ကိုစွန့်ခွာသွားကြပါတယ်။ ဒီအမှုက သူ့ရဲ့ အောင်မြင်မှုတွေကို အောက်ဆုံးထိ ဆွဲချခဲ့တဲ့ အမှုတစ်ခုပဲဖြစ်ပါတယ် ။အခု ရေးသားထားတာတွေကတော့ 2014 နှစ်မှ 2018 အထိ ဖြစ်စဉ်ကို အကျဉ်းချုပ် ကိုးကားရေးသားထားတာပဲဖြစ်ပါတယ်။ အချိန်အကြာကြီး ဖြစ်ခဲ့တဲ့အမှုကို အကျဉ်းချုပ်ရေးရတာမို့ မပြည့်စုံတာလည်း ဖြစ်နိုင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်သိချင်ကြတဲ့ ပရိတ်သတ်များအတွက် လင့်ခ်တွေ ပေးထားတာမို့ သွားရောက်ဖတ်ရှုနိုင်ပါတယ်။

Kim Hyun Joong ဟာ 2014 August မှာ ရည်းစားဟောင်း Choi Hye Mi ကို ၄ ကြိမ်တိုင်တိုင် နှိပ်စက် ညှင်းပန်းလို့ နံရိုးကျိုး ပြီး ၆ပတ်ကြာအောင် ဆေးကုသမှုခံယူခဲ့ရပါတယ်လို့ စွပ်စွဲအမှုဖွင့်ခံခဲ့ရပါတယ်။ သူမက ရိုက်နှက်မှုကြောင့် အညိုအမည်းစွဲခဲ့ရတယ်ဆိုတဲ့ ဓာတ်ပုံများကိုလည်း မီဒီယာမှ တစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ သိပ်မကြာခင်ပဲ သူမဟာ Kim Hyun Joong ကို ချစ်တဲ့စိတ်ကြောင့် အပြစ်ပေးမခံရစေချင်ဘူးလို့ ပြောပြီး အမှုပြန်ပိတ်ခဲ့ပြန်ပါတယ်။

နောက်မှ ပြန်သိရတာက သူမဟာ Kim Hyun Joong ဆီက ငွေ သန်း၆၀၀ ဝမ် ကို တောင်းဆိုခဲ့ပါတယ်။ အဲဒီငွေပမာဏမှ မပေးရင် သူမကို မတရားရိုက်နှက်ခဲ့ပြီး ကိုယ်ဝန်ပျက်ကျအောင် လုပ်ပါတယ်လို့ Dispatch သတင်းဌာနကို ပြောပြီး မီဒီယာတွေတွေကို ဖွမယ် လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီမှာ Kim Hyun Joong က သူမ တောင်းတဲ့ ငွေပမာဏကို ပေးခဲ့ပါတယ်။ ဒါကလည်း နောက်ကွယ်မှာ အကြောင်းရင်း ရှိခဲ့ပြန်ပါသေးတယ်။ Kim Hyun Joong က သူ့အခန်း password ပြောင်းထားလို့ သူမက သူ့အခန်းထဲဝင်လို့မရတာက စခဲ့ပါတယ်။ အဲဒီမှာ အခန်းရှေ့မှာ အော်ဟစ်ထုရိုက်နေတာကြောင့် Kim Hyun Joong တံခါးဖွင့်ကြည့်စဉ်မှာ အခန်းထဲအတင်းဝင်တာမို့ တားမြစ်ခဲ့ပါတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူမ လဲကျသွားတာကတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း ရဲတွေက တွန်းခဲ့သလားလို့ မေးတဲ့မေးခွန်းကို Kim Hyun Joong က ဟုတ်ကဲ့ လို့ ဖြေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဲဒီ ဟုတ်ကဲ့တစ်ခွန်းကြောင့် သူ့ဘဝဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အဲဒီ ဟုတ်ကဲ့က သူမရဲ့ နိုင်ကွက်လည်း ဖြစ်ခဲ့ပြီး ငွေညှစ်လို့ ကောင်းတဲ့လမ်းစ၊ ပေါ်ပင်လိုက်တဲ့ မီဒီယာသမားတွေ အကြိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာမှာ ဒဏ်ရာရခဲ့တာက Kim Hyun Joong ပါ။

A Story with a SnkeWhere stories live. Discover now