စဏ် ရုံးပိတ်ရက်မို့ အစောကြီးနိုးနေကာ ခြံထဲ တံမျက်စည်းလှဲ
သန့်ရှင်းရေ လုပ်နေလိုက်သည်။ ဟိုလူဆီအလုပ်လုပ်တာ ငါးရက်ပင်ရှိခဲ့ပြီ။ကိုမိုးမာန်က အချိန်မှန်လာကြိုကာ အချိန်မှန်ပို့ပေးရသည်။ မတတ်နိုင်လို့ လုပ်နေတယ်ဆိုပေ့မယ့် စဏ် ကိုယ်တိုင်ကစိတ်ပျက်ခြင်းစိတ်မပါခြင်းမျိုးမရှိပဲ လိုလိုလားလားစေတနာထားလုပ်ကိုင်ပေးဖြစ်သည်။ထိုလူနဲ့တွေ့ရင် ရန်မဖြစ်ရတဲ့နေ့တစ်ရက်မှမရှိတာမို့ စဏ် အဖို့ရိုးတောင်ရိုးနေပြီ။ရန်မဖြစ်ရရင်တောင် တစ်ခုခုလိုနေသလိုမျိုး။ ဒီနေ့လဲသူသွားရမှာစောသေးတာမို့ အိမ်အလုပ်လေး လုပ်နေခြင်းဖြစ်သည်။
အိမ်နေရင်းမို့ ပေါ့ပေါ့ပါးပါး ချည်သားဘောင်းဘီပွပွကို Tshirt လေးနဲ့သူ တွဲဝတ်ထားသည်။ ဆံပင်တွေကိုထိပ်ထိစုချည်ထားတာတောင်များလွန်းတဲ့သူဆံပင်တွေ ကပိုကရို နဲ့ အိကာကျနေသေးသည်။
စဏ် သီးချင်းလေးညည်းကာ တံမျက်စည်းလှဲနေစဥ်
"သား..."
စဏ် ကိုယ်လေ ဆတ်ကနဲတုန်သွားမိသည်။ ဘယ်သူကသူကိုဒီလိုခေါ်လိုက်တာလဲ ။ တစ်လောကလုံးသူယောကျာ်းလေးဆိုတာ သိသူ ကြီးဥတစ်ယောက်ထဲသာ ကျန်တော့သည်မဟုတ်လား။
စဏ် လေးပင်စွာဖြင့် ခေါင်းကို
လှည့်ကြည့်လိုက်စဥ်။"ဟင် "
သူ့ခဏတာ မှင်သက်သွားမိသည်။ သိပ်ကိုခန့်ညားလွန်သည့် လူကြီးတစ်ယောက်။ ပိရိသေသပ်သော
နူတ်ခမ်းများနဲ့ ဒေါင့်ကျသောမေးရိုးဖြင့်သူ့ကို ပြုံးပြ
နေသည်မှာ သိပ်ကိုကြည့်ကောင်းလွန်းလှသည်။လည်ကတုံးနဲ့ပိုးပုဆိုးကို သပ်ရပ်စွာဝတ်ဆင်ထားသည်မှာအထက်တန်းစားမှန်း ပြောစရာမလိုအောင်သိသာစေပါသည်။ စီးလာတဲ့ကားကိုက Rolex Luxury ကြီး။
*ဒါဆို ဒီလူက... ဟင်အင့် မဖြစ်နိုင်ဘူး ဖြစ်ခဲ့ရင်လဲသူလက်မခံနိုင်ဘူး*
စဏ် ခေါင်းကိုခပ်မြန်မြန်ခါလိုက်ကာ
"ဦး...လူမှားနေပြီထင်တယ် ကျွန်မက ဦးရဲ့သားမဟုတ်ပါဘူး "
YOU ARE READING
တော်ဝင်ပါသည်...သို့သော် (Complete)
Romanceကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......