"ကျစ်!စောက်အဓိပ္ပာယ် မရှိလိုက်တာ "
"ယုံတာမယုံတာမင်းအပိုင်း မင်းဟာမင်း ဆက်ကြိုးစားကြည့်လို့ရမယ်ဆိုရင်လဲ သဘောပေါ့ ။ တစ်ခုသိထားရမှာက စဏ် ကကိုယ်ဝန်ကြီးနဲ့နော်ဒီမှာဆို အချိန်မရွေးတစ်ခုခု ဖြစ်သွားနိုင်တယ်"
"ခင်များ စောက်ပါးစပ်ကိုပိတ်ထား!!!"
လျှံ ဒေါ်စောနန်းနွယ်ရဲ့လည်ပင်းကိုဆုပ်ကိုင်ကာ အော်ပြစ်လိုက်သည်။အစောင့်တွေ လျှင်မြန်စွာအနားကိုကပ်လာတော့ ဒေါ်စောနန်းနွယ် လက်ကာပြလိုက်ပြီး မချိပြုံး ပြုံးကာ ရယ်မောပြစ်လိုက်သည်။
"ဟင်း...ဟင်း မင်းတို့ဒီမှာရှိနေသရွေ့ ဒီအဖြစ်ပျက်တွေက ဖြစ်နေအုံးမှာပဲ စည်းစိမ်မင်းလျှံ မင်း စဏ် ကိုခေါ်ပြီးပြန်ရင်ပြန်မပြန်ရင် စဏ်တစ်ခုခု ဖြစ် "
"တောက်! !!ခင်များပါးစပ်ကိုပိတ်ထားလို့ပြောနေတယ်နော် !"
အဘွားကြီးစကားမဆုံးခင် လျှံ အော်ပြစ်လိုက်သည်။ စဏ် ကိုပြန်ခေါ်သွားဖို့၊ လက်စွပ်ကိုထားခဲ့ဖို့ ၊ အစီရင်တွေနဲ့ ပြုလုပ်ဖို့ သူ့ကိုအမျိုးမျိုးပြောနေသည်။ သူ့ဆန္ဒက စဏ် ကျန်းကျန်းမာမာဖြစ်လာဖို့ ဘာပဲလုပ်ရလုပ်ရဆိုပေ့မယ့် စဏ် သဘောကရှိသေးသည်။
"မင်းသေချာစဥ်းစားပါစည်းစိမ်မင်းလျှံ ငါကမင်းတို့မိသားစုကောင်းဖို့စေတနာနဲ့ပြောနေတာ ။ ငါ့စေတနာကိုမင်းနားလည်မှာပါ ငါပြောတာကိုမယုံရင်တော့ "
" အဓိပ္ပါယ်မရှိတာတွေထပ်ပြောနေမယ်ဆိုရင် ခင်များကို သတ်ပြစ်ဖို့ဝန်မလေးဘူးနော်။ ကျုပ်အခုကဘာလုပ်ပေးရမှာလဲသာပြော "
"ဘာမှလုပ်ပေးစရာမလိုသလို ၊ ဘယ်သူကိုမှလဲကြောက်စရာမလိုဘူး "
စဏ်ရဲ့မာတင်းလှတဲ့အသံကြောင့်သူရော အစောပါ ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
"ဟင် ..အစ်ကို"
"မင်း!!"
"ဟုတ်တယ် ကျုပ်ပဲ အရင်တုန်းကလို ခင်များတို့ပြုသမျှနှ ပြောသမျှခံမယ့် စဏ်တော့မဟုတ်ဘူး ဒီမဟော်ဓတီ အိမ်တော်ကြီးရဲ့အရှင်သခင် စ၀်လွန်းခမ်း၀တီ !"
YOU ARE READING
တော်ဝင်ပါသည်...သို့သော် (Complete)
Romanceကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......