အပိုင်း(31)🌹

8.5K 377 16
                                    


ပတ်၀န်းကျင်ကတိတ်ဆိတ်ကာထိုအနီးနား လေထုက သိသာစွာအေးစက်နေသည်။ ခြံ၀န်းထဲက ခုံတန်းရှည်တစ်ဖက်ဆီတွင်ထိုင်နေသော လူနှစ်ယောက်မှာတော့သူတို့ရဲ့ မျက်မှောင်တွေကို ကိုယ်ဆီစုကျုံထားကျသည်။ သူတို့မျက်နှာထားတွေကတော့ တိုက်ပွဲတစ်ခုကို အနိုင်လိုချင်နေကျတဲ့ စစ်သူကြီးတွေလို ပြိုင်ဆိုင်အနိုင်လိုမူ့ပြင်းပျနေကြသည်။


"မဟော် မင်းငါပြောတာကိုနားထောင်လိုက် "

"မထောင်နိုင်၀ူး သား မလုပ်ပေးနိုင်ဘူးယို့ တယ်ဒီကို ​အတိကျပြောပြီးသား "

"ဟ!!မင်းမညစ်ပတ်နဲ့ မဟော် "

"ဘာညစ်ပတ်ယို့ယဲ ဖေဖေ သိယင်ယဲ လက်ခံမှာ မဟုတ်၀ူး "

မပီကလာပီကလာနဲ့ တစ်ခွန်းမကျန်ပြန်ပြောနေတဲ့ ၀တုတ်ကို ကြည့်ကာ လျှံ မျက်မှောင်တွေကို စိတ်မရှည်သလို စုကျုံပြစ်ရင်း

"ငါ့ယောကျ်ား ကငါပြောရင်ရတယ် အဓိကမင်းပဲ မင်းရူပ်နေတာ"

"သား တျောက်ထဲဘယ်လိုအိပ်ရဲမှာယဲ တယ်ဒီ ကိုယ်ချင်းစာဆိတ်နဲနဲမှရှိဘူးယား "

"ဟ!!မင်းအသက် လေးနှစ်ရှိနေပြီကွ အဲ့လောက်ဆိုတော်ပြီလေ ဒီညကစပြီးအခန်းခွဲအိပ်တော့ ၊ မအိပ်ရဲရင် ငါမိုးမာန်ကို အိမ်ခေါ်ပေးမယ် "

"ညိုးမာန်နဲ့ အိပ်ချင်၀ူး ဖေဖေ နဲ့ပဲအိပ်မှာ ညိုးမာန်က မူးတယ် "

"မသောက်ဖို့ မှာထားလိုက်မယ် "

"မရဘူး တယ်ဒီ မကျေနပ်ရင်အပြင်ထွက်အိပ် သား ဖေဖေ နဲ့ပဲ အိပ်မှာ "

"မဟော်ဘုန်းလျှံ !!"

"ဘာယဲ ဗျာ!!"

*ဒီ၀တုတ်ကောင်က တော့ကွာ *

လျှံ စိတ်ထဲကနေ သားဖြစ်သူကို ကျိန်းကာ ကိုင်ပေါက်ပြစ်ချင်နေတော့သည်။ အခုချိန်ထိ အခန်းခွဲသိပ်လို့လဲမရ။ ဘယ်သူမှလဲ အကပ်မခံ သူဖေဖေမှ သူဖေဖေ။

ချစ်လို့ယူထားရတဲ့ ဒီကောင်ကြီးက သူတို့သားအဖကြားအပယ်ခံ ။ ချော့ပြောမရရင်တော့ ကြမ်းရမှာပဲ ။ ကိုယ်လဲ ကိုယ်ယောကျာ်းနား ကပ်ချင်သေးသည်လေ ။

တော်ဝင်ပါသည်...သို့သော် (Complete)Hikayelerin yaşadığı yer. Şimdi keşfedin