လိုက်ကာကိုဆွဲဖွင့်လိုက်သူကြောင့်
မနက်ခင်းရဲ့ အလင်းက ပြတင်းမှတစ်ဆင့် စဏ် မျက်နှာပေါ်သို့ထိုးကျလာသည်။ ရာသီဥတု ကလဲအေးစိမ့်နေတာမို့ စဏ် စောင်ထဲပိုလို့တိုးကာတိုးဝင်လိုက်သည်။ လှုပ်ရှားလိုက်တိုင်း တစ်ကိုယ်လုံးကလဲ ကိုင်ရိုက်ထားသလိုနာနေတာမို့ အရမ်းလဲ မလှုပ်ရှားရဲ။"စဏ်... နေမြင့်နေပြီထတော့ "
"ဟင်.. အာ့ ကျွတ်ကျွတ် ခဏလေးအိပ်ဦးမယ် "
လျှံ စောင်ထဲကွေးကာဝင်သွားသူကြောင့် ပါးချိုင့်များပေါ်သည်ထိ ပြုံးလိုက်ပြီး နဖူးလေးကိုလှမ်းကာစမ်းလိုက်သည်။
ကိုယ်က နွေးနေတာမို့ လျှံ မျက်ခုံးတွေကို စုကြုံပြစ်လိုက်ကာစောင်ထဲဝင်၍သူ့မြတ်နိုးရာလေးအားရင်ခွင်ထဲ ဆွဲသွင်းပြစ်လိုက်သည်။
"စဏ်..."
နုဖူးလေးကို နမ်းလိုက်ပြီးမြတ်နိုးစွာ ခေါ်လိုက်သည်။
"ခင်များ ဖျားနေပြီဗျ ရန်ကုန် ကိုမနက်ဖြန်မှပြန်ကြမလား"
"အင်း...ဟင် ဒီနေ့ပဲ ပြန်ကြမယ်လေ အ့ ငါရပါတယ် "
ထလိုက်တာနဲ့ အောက်ပိုင်းတစ်ခုလုံးက ကိုင်ရိုက်ထားသလိုနာနေသည်မို့ စဏ် အရမ်းလဲမထရဲ ။
"အဲ့ဒါအကုန် မင်းကြောင့် "
လျှံ ခေါင်းမော့ကာရယ်လိုက်ပြီး
"ကျုပ် ဘာလုပ်လို့လဲ "
"မသိဘူး...ထွက်သွား "
"မသွားပါဘူး...ကျုပ်ဖြင့်ချစ်လို့တောင်မဝသေးဘူး "
"နောက်တစ်ခါလုံးဝမပေးတော့ဘူး မင်းကတစ်ခါလို့ပြောပြီး မပြီးနိုင်မစီးနိုင်နဲ့ "
"ညက နှစ်ခါထဲပါ"
စဏ် ရှက်သွားပြီး
"ဟ!!မင်းနှစ်ခါမို့လိုတော်သေးတယ် ငါးခါလောက်ဆိုငါရန်ကုန်ကိုလေးဘက်ကုန်းပြန်ရလိမ့်မယ်ကွ "
"ဟား!!!ခင်များကိုကထိရှလွယ်နေတာ"
"အေး ထိရှလွယ်တယ် ထင်ရင်လဲ လာမထိနဲ့ဘုန်း!!!ဘုန်း"
မနက်စောစောစီးစီး ပြသာနာရှာနေသူကြောင့် လျှံ ရင်ခွင်ထဲဆွဲသွင်းပစ်လိုက်ကာ
BẠN ĐANG ĐỌC
တော်ဝင်ပါသည်...သို့သော် (Complete)
Lãng mạnကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......