လျှံ Suit အနက်ရောင် ကိုအထဲက နီညိုရောင် shirt လက်ရှည်နဲ့တွဲ ဝတ်ကာ လည်သာ Shoe အနက်ရောင်ကို စီးလိုက်သည်။
ယောကျာ်း လေးမို့ ဘာမှအထွေးထူးပြင်စရာသိပ်မလို။နဂိုကလဲ ကိုယ်ကချောပြီးသားပဲလေ ဟက်။
နီညိုမကြိုက်ပေ့မယ့် Designer တွေက ဆင်ထားသည်မို့ လျှံ အထွန့်မတတ် ချင်။လက်တွင် နက်စွေးနေတဲ့ brand နာရီတစ်လုံးကိုပတ်လိုက်ပြီး နားတွင်တော့ စိန်တစ်ပွင့်ထဲသာပါ
သည့် နားကပ်ကိုသူခပ်မိုက်မိုက် ပန်လိုက်သည်။ အားလုံးလဲအဆင်သင့်ဖြစ်နေပြီမို့ လျှံ အောက်ထပ်
ဧည့်ခန်းထဲကပဲ စွာတေး ကို ထိုင်စောင့်နေလိုက်သည်။လျှံ laptop ကိုဖွင့်လိုက်ပြီး ပွဲအစီစဥ်တွေကို ထိုင်ကြည့်စောင့်နေလိုက်သည်။ ထိုစဥ် လှေကားပေါ်က ဆင်းလာတဲ့အသံကြောင့် လျှံ အပေါ်ထပ်သို့မော့ကြည့်လိုက်သည်။
"အာ..."
လျှံ တစ်ယောက် မှင်သက်သွားကာ ချက်ချင်းဟိုဘက်လှည့်၍ နူတ်ခမ်းကိုလက်နဲ့သပ်ကာ ပြုံးလိုက်သည်။
* ခင်များက ဒီလိုကြလှသားပဲ... *
လျှံ စိတ်ထဲကအကြိမ်ကြိမ်အခါခါအမှတ်တွေပေးနေမိတော့သည်။
နီညိုရောင် Dress ကို စဏ်က ဝတ်ဆင်ထားသည်။ သူ့အသားရည်ဖွေးဖွေးပေါ်တွင် dress ပိုးသားက အိတွဲကျကာ နုယွအိစက်လှလွန်းလှသည်။လည်ပင်းဟိုက်ကို တွဲကျနေကာ လည်ပင်းတွင်ဘာတန်ဆာမှ ဆင်မထားသည့်တိုင် ကျော့ရှင်းကာ ကြည့်ကောင်းလွန်းလှသည်။ သူကို Designer တွေဘာလို့ နီညိုဆင်လဲသူအခုမှသဘောပေါက်တော့သည်။
ဆံပင်တွေကိုအခွေကြီးလိပ်ပြီးပြေပြေလေး ကိုနောက်တွင်စုထုံးကာခပ်မြင့်မြင့်လေး စီးထားသည်မှာ နန်းဆန်လွန်းလှသည်။ နားတွင်တော့ စိန်နားဆွဲ တစ်ရံကတစ်ဖျတ်ဖျတ်တောက်နေပေ့မယ့် သူ့ရဲ့မျက်ဝန်းတွေကိုမမှီ ။
*အဲ့လောက်ထိလှဖို့လိုရဲ့လား*
လျှံ သူစိတ်တွေဗြောင်းဆန်ကာ ရင်ထဲတစ်မျိူးကြီးမို့ မျက်နှာကိုပွတ်စပ်ကာ စိတ်ထဲတစ်မျိုးကြီး လူကလဲတုန်ယင်နေသလို။
YOU ARE READING
တော်ဝင်ပါသည်...သို့သော် (Complete)
Romanceကျွန်တော် ကိုးကွယ်ရာက သနပ်ခါးနံ့လေး 💛......