အပိုင်း(16)🌹

11.1K 557 46
                                    

စဏ် ဒီအိမ်ကို ရောက်တာနှစ်လကျော်ခဲ့ပြီ။ မောင် ကသူ့ကိုသိပ်ချစ်သလို လိုလေသေးမရှိအောင်လဲထားပေးရှာသည်။ သူအလုပ်လုပ်ချင်သည့်ကိစ္စနဲ့ပတ်သတ်ပြီး စကားများပြီးထဲကမောင်ကို သူဘယ်တော့မှအလုပ်လုပ်ဖို့ ထပ်မပြောဖြစ်တော့ပါ။

သူအပေါ်အစစအရာရာတံတိုင်းကြီးသဖွယ် ကာရံပေးပါသောမောင်ကို သူနားလည်ဖို့ကြိုးစားရင်း သူမြတ်နိုးတဲ့အလုပ်ကို သူစွန့်လွှတ်ပြစ်ခဲ့သည်။ သူစွန့်လွှတ်လိုက်ရတာနဲ့ထိုက်တန်အောင် မောင်ကလဲနေပေးသည်။

ညမိုးချုပ်တဲ့ထိပင်အိမ်အပြင်မှာဘယ်သောမှမနေ။ အလုပ်ဆင်းချိန်အတိကျပြန်လာတတ်ကာသူ့အနားသာကပ်၍ အမြဲ ချွဲနွဲ့နေတတ်သည်။

ခုရက်ပိုင်းလူကအိပ်လိုက်စားလိုက်နဲ့အရမ်းလဲအချစ်ခံနေရတာမို့ ဝချင်သလိုတောင်ဖြစ်လာရသည်။ဒါကြောင့်ခုရက်ပိုင်းစောစောထကာ ဒေါ်အေး ကိုထမင်းဟင်းချက်တာကိုနိုင်တာလေးတွေကူလုပ်ပေးဖြစ်သည်။

"တီအေး  ဒီနေ့ငါးကြင်းချဥ်ရည်ဆီပြန်လေး ချက်ရအောင်"

"စဏ်လေးစားချင်လို့လား "

"ဟုတ် ခံတွင်းတွေ့မလားလို့ "

"ကောင်းသားပဲ ရေခဲသေတ္တာထဲမှာ ငါးကြင်းဖြူတွေအဆင့်သင့်ရှိတယ် အန်တီအေး ထုတ်လိုက်တော့မယ်နော် "

"ဟုတ်.."

စဏ် ငါးကြင်းချဥ်ဆီပြန်လေးကို ပဲဟင်းရည်လေးနဲ့ တွဲကာချက်မည်။ မောင့်အကြိုက် ငါးဖယ်သုပ်လေးကမပါမဖြစ်ပေါ့ ။ စဏ် သူစိတ်ကူးလေးနဲ့သူ ဆေးကြောလှီးချွတ်နေသည်။

ဘေးနားကစကားတွေတစ်တွတ်တွတ်ပြောနေကြ အန်တီအေး ရဲ့အသံလဲမကြားတော့တာမို့ စဏ် နောက်ကိုလှည့်ကြည့်မိလိုက်သည်။

"အမေ့! !"

ထမင်းစား စားပွဲကို မှီ၍ ခါးထောက်ကာစိုက်ကြည့်နေသော လျှံကြောင့် စဏ်လန့်သွားရသည်။ ရုံးပိတ်ရက်ကိုမအိပ်ပဲ ဘယ်ချိန်ထဲကဒီကောင်လေး ရောက်နေတာလဲ။

"ဘယ်ကအမေလဲ ကျုပ်ခင်များယောကျာ်း "

စဏ် ခေါင်းမော့ကာရယ်လိုက်ပြီး

တော်ဝင်ပါသည်...သို့သော် (Complete)Donde viven las historias. Descúbrelo ahora