"ကျွီ!!.."ရုတ်တရက်ရှေ့မှာပေါ်လာတဲ့ အရိပ်တစ်ခုကြောင့် လျှံ ကားဘရိတ်ကို ဆောင့်အုပ်ပစ်လိုက်သည်။ လည်ထွက်သွားတဲ့ ကားဘီးအရှိန်ကို နိုင်အောင်ထိန်းပေ့မယ့် ခက်ခဲလှတဲ့ ရှမ်းပြည်လမ်းတွေကြောင့် လျှံရဲ့ ကားလေး လမ်းဘေးသို့ ထိုးကျသွားတော့သည်။
"အား!!ကျွတ်ကျွတ် "
နာကျင်လွန်တဲ့ ခန္ဓာကိုယ်ကို လျစ်လျူရူ့ရင်း ကားထဲကထွက်ဖို့ လျှံ ကြိုးစားနေစဥ် မျက်နှာကိုထိုးလာတဲ့မီးရောင်ကြောင့် မျက်စိကို စုံမှိတ်လိုက်ရသည် ။ သည်းထန်နေတဲ့မိုးရေစက်တွေကြောင့် ကားကမီးမစွဲပေ့မယ့် ဆက်တိုက်ထွက်နေတဲ့အခိုးငွေ့တွေကြောင့် လျှံ ဘယ်အရာကိုမှ မသဲကွဲ ။
"ကူညီပါအုံး !!ကူညီကြပါအုံး "
လျှံ အားပြုကာအသံပြုရင်း ကားထဲကအပြင်ထွက်ဖို့သာ ကြိုးစားနေမိသည်။ ခုံကအောက်ပိုင်းကိုဖိမိနေတာကြောင့် ကြိုးစားပေ့မယ့်အချည်းနှည်းသာ။
ရုတ်တရက် လာဆွဲတဲ့လက်တစ်စုံကြောင့် ၀မ်းသာသွားကာ မော့အကြည့် မြင်လိုက်ရတဲ့မျက်နှာကြောင့် လူကချက်ချင်း ခက်ထန်တင်းမာသွားရသည်။
"မင်း!!"
"ကိုယ့်...အကူညီလိုရဲ့လား မင်းလျှံ "
"ဖယ်စမ်း!!ခွေးလိုကောင် ငါလက်ကိုလွှတ်"
သေရင်သေသွားပါစေဒီကောင်ရဲ့အကူအညီကို လျှံ မလိုချင် ။
လျှံရဲ့အပြုအမှုကြောင့် မင်းသစ်ထင် အားရပါရ ရယ်မောလိုက်သည်။ ဒေါသထွက်နေချိန်မှာတောင်လျှံရဲ့ မျက်နှာက မိုးရေစက်တွေကြားချောမောနေဆဲပါ။
"မင်းအခြေအနေကကိုယ်ကူမှရမယ်ထင်တယ် ။ ကိုယ်ကူပေးချင်လို့ပါ "
လျှံကို ကားထဲကအတင်းဆွဲထုတ်နေသာကြောင့် လျှံမှာ မရူန်းနိုင်။ နာကျင်မူ့နဲ့ရောထွေးနေတဲ့မိုးရည်စက်တွေကြောင့်လူက လောကကြီးနဲ့အဆက်သွယ်ပြတ်ချင်နေပြီဖြစ်သည်။
"မင်းသစ်ထင် မြန်မြန်လုပ် အချိန်မရှိဘူး "
ကြားလိုက်တာကသေချာပေါက် ခေါင်ရဲ့ အသံပါ။ လျှံ တစ်ခုခုကို တွေးမိသွား၍ လွန်စွာမှ စိုးရိမ်ပူပန်သွားသည်။ဒါဟာ သွေးရိုးသားရိုး ဟုတ်ပါရဲ့လား ။ သူလောကကြီးနဲ့အဆက်သွယ်မပြတ်ခင် သူခေါင်းထဲရောက်လာတဲ့အရာက