အပိုင်း(11)🌹

10.8K 594 66
                                    

"ခေါင် ကိုယ်မပြန်တော့ဘူး "

အားလုံး စီစဥ်ပေးပြီးမှ ထဖြစ်သူကြောင့် ခေါင် ခေါင်စားသွားရသည်။

"ဘာလို့လဲလျှံ.... လျှံပြောတော့ အလုပ်တွေမပြတ်သေးလို့ပွဲပြီးတာနဲ့ ချက်ချင်းပြန်မှာဆို "

"အစကဟုတ်တယ် "

"အင်း အခုကရော "

သူဘာပြောရမယ်မသိ ။ ပြတင်းပေါက်ဘက်မှီလိုက်ပြီး အပြင်​ကို လှမ်းကာ ကြည်လိုက်သည်။ ပွဲနေ့ ထဲကပြောက်သွားသူ နှ​စ်ရက်မြောက်ပင်ဖြစ်နေပြီ အရိပ်ယောင်လေးပင် မတွေ့ရ ။

သူလာတာသိတာနဲ့ ပြောက်ပြောက်သွားသည်ထင်။ ဒီအိမ်ကြီးက ဘယ်လောက်ကျယ်တယ်ပြောပြော တစ်ကြိမ်တစ်ခါတော့ မတွေ့စရာအကြောင်းမရှိ တမင်ရှောင်နေတာမျိုးဖြစ်နိုင်သည်။

"လျှံ! !"

ခေါင် ခပ်ဆတ်ဆတ်လေးလှမ်းခေါ်မှ

"အင်း... ငါဒီမြို့လေးကို သဘောကျတယ်ခေါင် ငါ့လုပ်ငန်းတွေကိုဒီမှာ နဲနဲထပ်တိုးချဲ့ကြည့်ချင်တယ် "

"အင်းအဲ့တော့ "

"ငါမပြန်ဖြစ်သေးဘူးပေါ့
ဒါပဲလေ "

"ထူးထူးဆန်းဆန်း အရင်က နယ်က အလုပ်တွေဆို ကိုမိုးမာန်နဲ့လွှဲနေကြမဟုတ်ဘူးလား "

"ဒီမှာ ကိုယ်တိုင်ဦးစီးကြည့်ချင်
လို့ "

ခေါင်က သဘောပဲ ဆိုသည်သဘောဖြင့် ပုခုံးကိုဟန့်ပါပါတွန့်ရင်း ပြုံးသည်။

"အဲ့ဒါ ငါမင်းတို့အိမ်တော်မှာ တစ်ပတ်လောက်နေချင်တယ် ဖြစ်မလား"

"ဟမ်! !!ပြန်ပြော"

ဒါကတော့ နန်းခေါင် တို့နဲ့ဆိုင်သွားပြီး ။မျက်စိရူပ်နားရူပ်မကြိုက်တတ်တဲ့ အကိုတော်က သူတို့စံအိမ်ကြီးမှာ တစ်ပတ်တဲ့ အကြောင်းပြချက်က ဘာလဲ။သူနဲ့နီးစပ်ချင်လို့ လား ။ခေါင် သဘောကျသွားသော်လဲ နဲနဲတော့ရစ်ကြည့်ချင်သေးသည်။

"Hotel ကဘာလို့လဲ လျှံ ကိုယ်ပိုင် Hotel လဲရှိနေတာကို "

"မနေချင်လို့ လူရူပ်တာမကြိုက်ဘူး "

"ဘုရားရေ ဒီမှာကပို "

"ခေါင်!!"

သူစကားပင်မဆုံးလိုက် မျက်ခုံးတွေစုကျုံပြစ်သူကြောင့် ခေါင်ရယ်လိုက်ကာ

တော်ဝင်ပါသည်...သို့သော် (Complete)Where stories live. Discover now