အပိုင်း(13)🌹

11K 652 136
                                    

နန်းဧကရီခေါင် မှန်ရှေ့မှာ ကိုယ်ကိုယိမ်းကာ ရှေ့နောက် ကြည့်နေသည်မှာ အကြိမ်ကြိမ် ။

"တစ်ကယ် လှရဲ့လား စဏ် "

"လှတယ် နန်းခေါင်ရဲ့ ကိုယ်ကိုယုံလိုက် ညParty အတွက်အဲ့ဝတ်စုံက မင်းနဲ့အလိုက်ဆုံးပဲ "

နန်ခေါင်း မွေးနေ့ပါတီ အတွက် ဝတ်စုံရွေးရတာကို အိမ်ကအကူတွေနဲ့ မသွားချင်ပါဘူး စဏ်နဲ့သာသွားချင်ပါတယ်ဆိုပြီးအတင်းတမင်ခေါ်ချလာတာဖြစ်သည်။

ဝတ်ကြည့်နေတာတစ်ဆိုင်လုံးပင် ကုန်တော့မည်။ ဆိုင်ကကောင်မလေးတွေက အိမ်တော်ကြီးကမှန်းသိ၍ အထွန့်မတတ်ရဲသော်လဲမျက်နာတွေကမကောင်းကြတော့ပေ။

"အိုကေ ဒါဆိုဒါလေးပဲယူလိုက်တော့မယ်နော် "

"ဟုတ်ကဲ့ပါ သခင်မလေး "

အဖြူရောင်ပိုးသား Dress လေးက ရင်ဘတ်ကိုရင်ညွှန့်ထိဟိုက်ထားကာ လက်ရှည်လေးမို့ အရမ်းလှသည်။ ခြေမျက်စိထိ ရှည်တဲ့Dressက ပေါင်ထိခွဲထားတာမို့ Party နဲ့ဆိုတော့လိုက်ဖက်ပါသည်။ နန်းခေါင်ကလဲ ခေတ်ဆန်သူမို့ ​ပို၍လိုက်ဖက်လွန်းသည်။ ထိုဝတ်စုံလေးကိုပဲသူတို့ ရွေးလိုက်ကြသည်။

"ပြီရင်ပြန်ကြမယ်လေ နန်းခေါင် "

"လည်ဆွဲအပ်ထားတာ သွားရွေးရဦးမှာစဏ်ရဲ့ "

"ဟင်..အင်းလေ သွားကြတာပေါ့"

အမှန် စဏ် ခြေထောက်ကလျှောက်ပါများတော့ နာနေပြီ။
အိမ်ပြန်နားချင်နေပြီဖြစ်ပေ့မယ့် ညီမဖြစ်သူက လဲအားကိုးတစ်ကြီးခေါ်နေတာမို့ မငြင်းရက်။

MAHAWDADI Jewelry &Diamond ဆိုတဲ့ ဆိုင်းပုဒ်ကြီးက မော်ကာကြည့်ရတဲ့ထိ ခမ်းနားလွန်းလှသည်။ သူတို့ဆိုင်ထဲ ဝင်လိုက်တာနဲ့ ဝန်ထမ်းအားလုံးတစ်ပြိုင်ထဲ ဦးညွှတ်ကာ ခရီးဦးကြိုပြုကြသည်။

"သခင်မလေး ကြွပါ မှာထားတဲ့ပစ္စည်းရပါပြီရှင့် "

နန်းခေါင် ပြုံးရုံသာပြုံးပြလိုက်ပြီး Showroom တွေဘက် လိုက်ကြည့် ကာ

"စဏ် ဒါမေမေ့ရဲ့လုပ်ငန်းထဲကတစ်ခုလေ "

ဆိုင်းပုဒ်မြင်ထဲက သတိထားမိပေ့မယ့် စဏ် မစပ်စုပါ။ သူတို့မိသားစုရဲ့ကြွယ်ဝမှု့ကတော်ရုံမဟုတ်တာတော့အစထဲကသူသိပြီးသားဖြစ်သည်။

တော်ဝင်ပါသည်...သို့သော် (Complete)Where stories live. Discover now