"ကိုကို့!"
ကုတင်ပေါ်မှာ ကုတ်ကုတ်လေးထိုင်နေတဲ့ SeungMin ကိုမြင်တော့ အခန်းထဲအတင်းပြေးဝင်လာပြီး ကုတင်ပေါ်ခုန်တက်ကာ လက်သေးသေးလေးတွေနဲ့ ပွေ့ဖက်လာ၏။
"ကိုကို ဘာလို့ကြာကြီးအိပ်နေတာလဲ?"
တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြီး
သူ့ကိုမော့ကြည့်ကာ မေးလာသည့် ကလေးလေးကို သူအူယားလှပါသည်။"ကိုကိုက မအိပ်ချင်ပဲ အိပ်ပျော်သွားတာ"
"ဒါဆိုလည်း သားကိုဘောလုံးကောက်ပေးပြီးမှ အိပ်ပေါ့! ခုတော့ ကိုကိုကမကောက်ပေးပဲ ရေထဲဝင်ပြေးသွားလို့ ဖေဖေကသားကို ဆူပြီး ဘောလုံးကိုလည်း လွင့်ပစ်လိုက်တယ်"
ဖက်ထားတဲ့ လက်တွေကိုဖြုတ်ချပြီး
အနည်းငယ်ခွာသွားကာ စိုအိနေတဲ့နှုတ်ခမ်းလေးတွေတစ်ဆူဆူနဲ့ ခေါင်းေလးငုံ့သွားသည်။အာ.....စိတ်ကောက်သွားတာလား?
"ဖေဖေက ကလေးကိုဆူလိုက်တာလား?
ကိုကို့ကြောင့် အဆူခံလိုက်ရပြီပဲ""ကိုကို မကောင်းဘူး!"
"စိတ်မဆိုးပါနဲ့ ကလေးရယ် ကိုကိုမုန့်ဝယ်ကျွေးမယ်လေနော်"
"ကိုကို ဂယ်ပြောတာလား?"
"အင်း ဂယ်ပြောတာ မုန့်အများကြီးဝယ်ကျွေးမယ်
အခုတော့ နှုတ်ခမ်းလေးတွေဆူမထားနဲ့တော့ ဘဲရုပ်လေးဖြစ်နေပြီ""ဘဲလေးတွေက ချစ်ဖို့ကောင်းတယ် ကိုကိုရဲ့ "
"အင်း ဘဲလေးကလည်း ချစ်ဖို့ကောင်းတယ်
ဒီကကလေးလေးကလည်း ချစ်ဖို့ကောင်းတယ်""ဒါဆို မုန့်ကိုအခုဝယ်ကျွေး သားငိုထားလို့ ဗိုက်တောင်ဆာနေပြီ"
ငိုထားတာ! အာခုနက မေမေပြောတာထင်တယ်
"အင်း အခုသွားကြမယ် ဒါပေမယ့် ကိုကို့မေမေတို့ကို အရင်ပြောပြီးမှသွားရမယ်"
"ဟုတ်ကဲ့ ကိုကို"
Can't Stop
SeungMin Jisung Felix တို့သုံးယောက်
ဆရာမ မဝင်သေးတာကြောင့် အခန်းထဲမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောနေကြ၏။
YOU ARE READING
Can't Stop \\ SeungIn
Fanfiction"ကိုကိုက သားရဲ့အပိုင်နော်" "အင်းပါကွာ ဒီကိုကိုက ငယ်လေးအပိုင် ဟုတ်ပြီလား" လွန်ခဲ့တဲ့ ၁၅နှစ်တုန်းကတည်းက ကိုကိုက မင်းအပိုင်ဖြစ်ခဲ့တာပါ ကိုကို့ရဲ့ကြယ်လေး...