[Unicode]
အတန်းပြီးတဲ့အချိန် ပထမဆုံး ခြေလှမ်းဦးတည်ရာက ကိုကို့ဆီသို့ဖြစ်သည်။
JeongIn ကိုကိုနဲ့ မတွေ့ရတာ ဒီနေ့အပါအဝင်ဆို ခြောက်ရက်မြောက်ဖြစ်သည်။နောက်ဆုံးတွေ့ခဲ့ကြတဲ့ WooMin မူးလို့ ဘားလိုက်ခဲ့တဲ့ည နောက်ပိုင်း ကိုကိုနဲ့ မတွေ့ရတာပင်။
ဖုန်းဆက်တော့လည်း မကိုင်ပဲ အခေါက်ပေါင်းများစွာဆက်ခေါ်နေရင် စက်ပိတ်ပစ်သည်။ condo ကိုလိုက်သွားတော့လည်း နေမကောင်းဘူးဆိုကာ သူ့ကိုထွက်မတွေ့။ ကျောင်းမှာလည်း သူ့ကိုရှောင်နေပြီး အကြည့်ချင်းဆုံမိရင်တောင် ကိုကိုကမသိချင်ယောင်ဆောင်သည်။
ဒီနေ့တော့ မဖြစ်မနေ ကိုကိုနဲ့တွေ့မှရမည်။
ကိုကို ဘာဖြစ်နေလဲ မေးပြီး သူ့ကိုစိတ်ဆိုးနေတာဆိုရင် တောင်းပန်ပြီးချော့ရမည်လေ။ကိုကိုက သူ့ကိုမသိချင်ယောင်ဆောင်နေတော့
သူအရမ်းနာကျရင်ရတာ ကိုကို သူ့ကိုအရင်ကလို
ထားသွားမလား။ သူ့ကိုသူစိမ်းဆန်သွားမလား။
သူတစ်ချိန်လုံးတွေးပူနေခဲ့တာတွေများ တကယ်ဖြစ်နေပြီလား ဆိုတာတွေက သူ့ကိုအကြိမ်ကြိမ်သေစေနိုင်သည်။______________
"SeungMin hyung!"
အတန်းထဲမှ ထွက်လာသူမှာ
သူကိုလှည့်တောင်မကြည့်ပါ။"Hyung! SeungMinnie hyung!"
ထပ်မံ၍ ခေါ်သော်လည်း မသိချင်ယောင်ဆောင်ပစ်လိုက်မှုသာ ပြန်ရလာသည်။
"Hyung လို့..."
နောက်ကနေ ပြေးလိုက်သွား၍ လက်ကိုလှမ်းဆွဲတော့ သူ့အားမျက်မှောင်ကြုံ့ပြီးပြန်ကြည့်၏။
"ကျွန်တော်တို့ စကားပြောရအောင်.."
"လွှတ်ပါ JeongIn. လူတွေရှိနေတယ်"
သူ့စကားကို ထပ်ပြီး ဥပက္ခာပြုတဲ့အပြင်
ဆုပ်ကိုင်ထားတဲ့ လက်တို့ကိုဖြုတ်ချသည်။ကိုကိုက ဘာလို့ခါးခါးသီးသီးဖြစ်နေရတာလဲ။
"မလွှတ်ဘူး hyung. ကျွန်တော်နဲ့ စကားပြောရအောင်ပါ။ ကျေးဇူးပြုပြီး.."
"ငါမင်းနဲ့ ပြောစရာရှိဘူး JeongIn.
ငါ့လက်ကို အခုလွှတ်ပေးပါ""Hyung! အခုဘယ်လိုဖြစ်နေတာလဲ!"
VOUS LISEZ
Can't Stop \\ SeungIn
Fanfiction"ကိုကိုက သားရဲ့အပိုင်နော်" "အင်းပါကွာ ဒီကိုကိုက ငယ်လေးအပိုင် ဟုတ်ပြီလား" လွန်ခဲ့တဲ့ ၁၅နှစ်တုန်းကတည်းက ကိုကိုက မင်းအပိုင်ဖြစ်ခဲ့တာပါ ကိုကို့ရဲ့ကြယ်လေး...