SeungMinနှင့် JeongIn ဂေဟာအတွင်းသို့ဝင်လာပြီး အပေါ်ထပ်က ဧည့်တွေ့ခန်းဆီရောက်လာခဲ့ကြသည်။
တံခါးဝကိုရောက်တော့ တစ်ခုခုကိုစိတ်လှုပ်ရှားနေပုံရသည့် ငယ်လေးကြောင့် SeungMin မနေနိုင်စွာမေးမိ၏။
"အထဲမှာ ကိုကိုတို့တွေ့ရမယ်လူက ငယ်လေးကိုဒီလောက်ပျော်စေတာပဲလား"
ကိုကို့အမေးကြောင့် JeongIn လှည့်ကာ ခေါင်းညိမ့်ပြလိုက်သည်ကို ကိုကိုဘယ်လိုတုံ့ပြန်မလဲဆိုတာ မစောင့်တော့ပဲ အခန်းထဲသို့ဝင်လာလိုက်သည်။
အခန်းထဲကိုရောက်တာနဲ့ ဆိုဖာေဘးဘက်မှ
ဝှီးချဲပေါ်မှာထိုင်နေသော ကောင်လေးတစ်ယောက်ဆီ အပြေးသွားကာ ဒူးထောက်လျက်ပွေ့ဖက်နေသော ငယ်လေးဖြစ်သည်။"ကျွန်တော်အရမ်းလွမ်းနေတာသိရဲ့လား ဟျောင်း"
ဖက်ထားတာကိုမလွှတ်ပဲ ဝမ်းသာအားရပြောနေရှာသော JeongIn ကို အခန်းအတွင်းရှိလူနှစ်ယောက်က ချစ်စနိုးဖြင့်ကြည့်ကာ ပြုံးရယ်လို့နေသည်။
SeungMin မှာတော့ ဘာမျှမသိပဲ ကြောင်,အ ကာရပ်နေသော်လည်း စိတ်ထဲနည်းနည်းလေးအလိုမကျသလိုခံစားရသည်။
ဘယ်သူတွေမို့လို့ ဒီလောက်အထိဖြစ်နေရတာလဲ။
ဘေးမှ အကဲခတ်နေသည့် SeoHyunမှာလည်း
SeungMin ရဲ့ မျက်နှာထားတည်လာတာကို သတိထားမိလိုက်တော့ SeungMin အနားကိုလျှောက်သွားပြီး လက်ကမ်းပေးလိုက်သည်။"တွေ့ရတာ ဝမ်းသာပါတယ် Kim SeungMin
ကိုယ်က Yang JeongIn ရဲ့ အုပ်ထိန်းသူ Lee Seohyunပါ"ထိုစကားကိုကြားသည်နှင့် မျက်လုံးများဝိုင်းစက်လာသော ဆွန်းမင်က လန့်သွားဟန်ရှိ၏။
"ဟုတ်..ကဲ့ တွေ့ရတာဝမ်းသာပါတယ် SeoHyun hyung"
"ကောင်းပြီ ထိုင်ပါဦး"
"ဟုတ်ကဲ့"
ဤသို့ဖြင့် SeungMin နှင့ SeoHyun ဆိုဖာတွင် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြပြီး အနည်းငယ်စိတ်မရှည်ဖြစ်သွားဟန်ရှိသော SeoHyun မှ ဘေးဘက်က အလွမ်းဇာတ်ကနေသော ကလေးကို ခေါ်လိုက်သည်။
"ဟိုတစ်ယောက် တော်တော့
Jun လေး နားညီးပြီးထွက်ပြေးသွားဦးမယ်
ဒီနားပြန်လာခဲ့"
YOU ARE READING
Can't Stop \\ SeungIn
Fanfiction"ကိုကိုက သားရဲ့အပိုင်နော်" "အင်းပါကွာ ဒီကိုကိုက ငယ်လေးအပိုင် ဟုတ်ပြီလား" လွန်ခဲ့တဲ့ ၁၅နှစ်တုန်းကတည်းက ကိုကိုက မင်းအပိုင်ဖြစ်ခဲ့တာပါ ကိုကို့ရဲ့ကြယ်လေး...