part 6

124 13 3
                                    

JeongIn အိမ်ကိုပြန်ရောက်သည်နှင့် တစ်ပြိုင်နက်တည်း ‌အပေါ်ထပ်က အခန်းဆီသို့ဦးတည်လိုက်သည်။

လှေကားတစ်ဝက်လောက်ရောက်တော့
အပေါ်ထပ်က ဆင်းလာဟန်ရှိသော သူ၏ဝမ်းကွဲ အစ်ကို SeoHyun ကိုမြင်လိုက်ရသည်။

"ပြန်လာပြီလား Innie"

SeoHyun ပြုံး၍မေးလာသည်။

"Nae hyung "

"အင်း ဒါဆိုသွားနားတော့လေ"

"ဟုတ်ကဲ့ good night Hyung"

"Omm good night"

.....ဒီကလေးပျော်လာတဲ့ ပုံပဲ ဘာဖြစ်တာပါလိမ့်?...

SeoHyun တွေးရင်းဖြင့် ‌အပေါ်တက်သွားသည့်
Innie ကိုကြည့်လိုက်သည်။

"ဒီကလေး တစ်ခုခုတော့ တစ်ခုခုပဲ"

SeoHyun က JeongIn ရဲ့ အစ်ကိုဝမ်းကွဲတစ်ယောက်ဖြစ်တဲ့ အပြင် JeongIn ရဲ့ အုပ်ထိန်းသူတစ်ယောက်ဆိုရင်လည်း မမှားပါ။

JeongIn ရဲ့မိဘတွေက ဇာတိ‌မြို့ဖြစ်သည့်
ဘူဆန်တွင်နေကြ၍ သူဟာ အသက်၉နှစ်အရွယ်ကတည်းက အစ်ကိုဖြစ်သူ SeoHyun ရှိရာ ဆိုးလ်မှာ ကျောင်းတက်ဖို့ အတူလာနေခဲ့သည်။ SeoHyun မှာကလည်း မိဘနှစ်ပါးလုံးမရှိတော့တာကြောင့် အထီးကျန်နေတဲ့ အချိန် အဖော်အဖြစ်ရောက်လာတဲ့ ညီငယ်လေးကို အရိပ်တစ်ကြည့်ကြည့်နဲ့ ချစ်မဝဖြစ်ခဲ့သည်။ အရမ်းချစ်သလို အရမ်းလည်း အလိုလိုက်တက်ပြီး JeongIn ရဲ့ ပျော်ရွင်မှာကိုသာ ဦးစားပေးတက်တဲ့ အစ်ကိုတစ်ယောက်ဖြစ်သည်။

သို့ပေမယ့် အချစ်ကြီးရင် အမြတ်ကြီးသည်
ဆိုတဲ့ စကားအတိုင်း JeongIn အတွက်ထားတဲ့
အစ်ကိုတစ်ယောက်ရဲ့ အတ္တကလည်းရှိလေသည်။

Yang jeongIn ဆိုတဲ့ သူ့ရဲ့ညီလေးက အရာရာပြီးပြည့်စုံပြီး လူတိုင်းထက်သာနေရမည်။ ဘယ်နေရာ ဘယ်လိုအချိန်မှာဖြစ်ဖြစ် JeongIn ရဲ့ ဆုံးဖြတ်ချက်ကသာ ပထမဦးစားပေးဖြစ်ရမည်။
အကယ်၍ ချစ်တဲ့သူရှိလာခဲ့ရင်တောင် JeongIn က ချစ်ပေးပြီး အနစ်နာခံပေးရတဲ့ လူတစ်ယောက်မဖြစ်စေရပဲ။ JeongIn ကသာအချစ်ခံရပြီး JeongIn ကိုအနစ်နာခံ အလိုလိုက်ပြီး မျက်နှာမညိုးအောင်ထားနိုင်တဲ့ လူကိုသာ JeongIn အတွက်ရွေးချယ်ပေးမည်။

Can't Stop \\  SeungIn Where stories live. Discover now