part 3

144 15 0
                                    

"အာညော် SeungMin"

"အင်း အာညော်"

"ငါက Han Jisung ပါ သူက lee Felix တဲ့
ငါတို့က တစ်ခန်းတည်းလေ မင်းကလူသစ်လေးဆိုတော့ နောက်ဆို ငါတို့သူငယ်ချင်းလုပ်ကြမလား?"

ပါးဖောင်းဖောင်းလေးနဲ့ အရပ်သိပ်တော့မရှည်ပေမယ့် ရှဉ့်ပေါက်လေးနဲ့တူတဲ့ ချစ်စရာ ကောင်လေးက သူ့ကိုပြုံးတုံးတုံးလေးနဲ့မိတ်ဖွဲ့လာ၏။

"အာ..အင်း ရပါတယ် ငါကလည်းအဖော်လိုချင်နေတာနဲ့အဆင်ပြေသွားတာပေါ့"

SeungMin ဖော်ဖော်ရွေရွေနဲ့ပြန်ပြောလာတော့
Jisung အနောက်မှ Felix ကလည်း အသံဩရှရှလေးနဲ့ ဝင်ပြောသည်

"ငါတို့ကရွယ်တူဆိုတော့ လွတ်လွတ်လပ်လပ်
ပြောလို့ရတယ်နော် ငါ့ကို lix လို့ခေါ်လို့ရတယ်
သူ့ကိုက Jisung လို့‌ေခါ်ပေါ့ပေါ့‌ပါးပါးပေါ့"

ခင်ဖို့ကောင်းပြီး ရိုးသားကြတယ်
စာလည်းကြိုးစားကြပုံပဲ လူရည်မွန်လေးတွေ...

သူတော့ သူငယ်ချင်းရ ကံကောင်းပြီ။

"SeungMin ah မသိတာရှိရင် မေးနော်
‌သွားချင်တာရှိရင်လည်းပြော ငါတို့လိုက်ပေးမယ်
မင်းကအခုမှရောက်တော့ ကျောင်းတစ်ပတ်ပြည့်အောင်ရောက်ဖူးမယ် မထင်ဘူး အဆောင်တွေက အရမ်းများလွန်းတယ်လေ"

"အင်း သွားချင်းတဲ့အချိန်ခေါ်မှာနော်"

"အင်းပါကွာ ငါနဲ့ Lix လိုက်ပေးမယ်"

"အင်း ငါတို့က သူငယ်ချင်းတွေလေ"

ရင်းနှီးပြီးရင်း ရင်းနှီးလာသည်
အချစ်ဆုံး သူငယ်ချင်းတွေဖြစ်သည်အထိပင်၊

တိုက်တိုက်ဆိုင်ဆိုင် သုံးယောက်လုံးက
September born Virgo လေးတွေဖြစ်ကြ၏။

သူတို့စကားပြောနေတုန်း အခန်းဝမှာရပ်ပြီး
မဲ့ပြုံးလေးတစ်ပွင့်ဆင်မြန်းကာ SeungMin ကိုအကြည့်စူးစူးတွေနဲ့ကြည့်နေသည့် JeongIn ကြောင့် SeungMin တစ်ချက်တွန့်သွားမိသည်

ထိုနောက် မျက်စောင်းထိုးပြီး ပြန်ထွက်သွားတဲ့
JeongIn ကိုရူးနေသည်ဟုသာ ထင်မိ၏။

"Jisung, Lix  ငါလေမေးစရာရှိတယ်"

"အင်း မေးလေ"

"မင်းတို့ ပထမနှစ်က Yang jeongIn ကိုသိကြလား? သူကဘယ်လိုလူမျိုးလဲ?"

Can't Stop \\  SeungIn Where stories live. Discover now