"ဖေ့သားကြီး ငြိမ်နေလိုက်ကွာ
အသက်ကော ရှိသေးရဲ့လား ဟမ်?"မနက်ပိုင်းအတန်းလစ်ပြီး ကျောင်းကိုပြန်ရောက်လာကတည်းက ငူတူတူကြီးနဲ့ တစ်ခုခုကို အလိုမကျဟန်ရှိနေတဲ့ JeongIn ကို သတိထားမိတဲ့ WooMin ကမေးသည်။
သူတို့ဓလေ့အရ နေ့တိုင်းအတန်းလစ်တက်တာမို့
မနက်ပိုင်းလျှောက်သွားပြီး နေ့လည်ဘက်ကျောင်းပြန်ရောက်ရောက်ချင်း JeongIn တစ်နေရာရာကိုထွက်သွားသည်။သိပ်မကြာလိုက်တဲ့ အချိန်မှာပဲ canteen ကိုပြန်ရောက်လာပြီး မျက်မှောင်ကြုတ်ကာ ထိုင်နေသည်မှာ ငြိမ်ချက်သားကောင်းလွန်းလှ၏။Yang jeongIn မပီသလိုက်တာ....
"ရား..!!ငါပြောနေတာကြားရဲ့လား?"
တစ်ခါပြောရုံနဲ့ အာရုံမရပဲ အတွေးထဲနှစ်မြောနေသော yang JeongIn ဖြစ်၏။
"ဟမ်? ဘာပြောလိုက်တာ"
"မင်း နားကမ်းသွားတာလား yang JeongIn?
ဒါမှမဟုတ် လူစားလဲခံလိုက်ရတာလား"WooMin ပြောသည်မှာလည်း မမှား
အခု သူ့ပုံစံက yang JeongIn ရော ဟုတ်ရဲ့လား?"ပေါက်ကရတွေပြောမနေနဲ့ ခွေးသားလေး
ငါက ငါပဲ!!""ငါကခွေးသားလေးဆို မင်းကငါ့အဖေ ခွေးကြီးပဲ"
"မင်းတစ်ရက်လောက်ဖြစ်ဖြစ် ပေါက်ကရမပြောပဲ
နေလို့မရဘူးလား Lee WooMin ""အေးပါကွာ ငါ့အမှားပါ မင်းကိုပျော်အောင်လုပ်ပေးချင်တဲ့ ငါ့ရဲ့စေတနာအမှားပါ"
"မင်းကဘာလို့ ငါ့ကိုပျော်အောင်လုပ်ပေးချင်ရတာလဲ ငါကမပျော်ဘူးပြောနေလို့လား? ဟက်!
ငါ့ဘဝကြီးလောက်ပျော်ဖို့ကောင်းတာ ရှိလို့လား ငါပျော်အောင်နေတက်ပါတယ်ကွာ"သူ့စကားအဆုံး WooMin သက်ပြင်းချမိ၏။
"JeongIn ah.... မင်းတခြားသူတွေကိုပဲ လိမ်ချင်
လိမ်လို့ရမယ် ၊ ဒါမယ့် ငါ့ကိုတော့လိမ်လို့မရဘူး
မင်းပျော်နေတာမဟုတ်ဘူး ငါသိတယ်....""........"
"တစ်ခါတစ်လေ လောကကြီးက အကျင့်ယုတ်တယ်ကွ! မင်းအခုလို ဆိုးသွမ်းသောင်းကျန်းနေရတာက မင်းကိုမပျော်ရွှင်စေဘူးဆိုတာကိုလည်း
ငါသိတယ်၊ မင်းရဲ့ဖြစ်တည်မှုကြီးက ဘယ်လောက်နာကျင်ဖို့ကောင်းတယ် ဘယ်လောက်ဝမ်းနည်းစရာကောင်းတယ်ဆိုတာ
ငါအကုန်သိတယ်"
VOCÊ ESTÁ LENDO
Can't Stop \\ SeungIn
Fanfic"ကိုကိုက သားရဲ့အပိုင်နော်" "အင်းပါကွာ ဒီကိုကိုက ငယ်လေးအပိုင် ဟုတ်ပြီလား" လွန်ခဲ့တဲ့ ၁၅နှစ်တုန်းကတည်းက ကိုကိုက မင်းအပိုင်ဖြစ်ခဲ့တာပါ ကိုကို့ရဲ့ကြယ်လေး...