တစ်ပတ်တာ၏ နောက်ဆုံးရက်ကျောင်းဆင်းချိန်ဖြစ်သည်။
ထုံးစံအတိုင်း ကျောင်းဆင်းချိန်ရောက်ရင် အခန်းရှေ့မှာ လာရပ်စောင့်နေတက်သော ကိုကို့ကိုတွေ့ရသည်။ ကိုကိုနဲ့က အရမ်းကြီးအဆင်ပြေတဲ့အထဲမပါသေးပေမယ့် ကိုကို့ရဲ့ ဂရုစိုက်မှု နွေးထွေးမှုတွေအောက်မှာ အရည်ပျော်နေခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။
ဒါကို သိပုံမရတဲ့ ကိုကိုက ရိုးသားတာလား ဖြူစင်တာလားတော့မသိပေမယ့် တုံးအသည်ဟုသာပြောချင်မိ၏။
ကိုကိုအနားကို ရောက်လာတော့ WooMin ကအလိုက်တစ်သိနဲ့ရှောင်၍သွားသည်။
ကိုကိုနဲ့ပြန်တွေ့ခဲ့ရတဲ့ အကြောင်းတွေကို WooMin ကိုပြောပြထားတာတော့ ကြာပါပြီ။ သူကလည်း ကျနော်အဆင်ပြေနေရင် ရပြီဆိုပြီး အရမ်းဝင်မစွပ်ဖက်ပဲ လွှတ်ထားပေးသည်။" ဒီနေ့ စာသင်ရအဆင်ပြေတယ်မလား "
ကိုကိုမေးနေကြဖြစ်သည်။
" အင်းပြေပါတယ်။ hyung ရော ?"
" အင်းပြေတယ်။ အိမ်ပဲပြန်မှာမလား ဝင်စရာရှိသေးလား "
" ဝင်စရာတော့မရှိပေမယ့် သွားချင်တဲ့နေရာရှိတာမို့ Hyung လိုက်ခဲ့ပေးမလား "
" လိုက်ပေးရမှာပေါ့ innie သွားချင်တဲ့နေရာအကုန် hyungအဖော်လိုက်ပေးမယ် "
ဆံပင်တွေကို အသာလေးဖွပြီး သွားတန်းဖြူလေးတွေပေါ်သည်အထိ နူးနူးညံ့ညံ့ပြုံး၍ ပြောပြန်သည့် ကိုကိုဟာ သူ့ဘဝရဲ့ အရေးပါသည့် ရှင်သန်ရာဖြစ်တည်မှုလေးတစ်ခုပေ။
_____________________
SeungMin POV
" ice Americano သောက်ချင်လား Hyung"
" အင်း innieရောသောက်မလား hyung သွားဝယ်လိုက်မယ် "
" နေ နေရတယ် ကျနော်ပဲသွားဝယ်မယ်
Hyung ကဒီမှာရပ်စောင့်နေလိုက် "" အင်း "
ပြောပြီးတာ လမ်းတစ်ဖက်သို့ကူးကာ ထရပ်ကားဖြင့်ရောင်းနေသော ကော်ဖီဆိုင်အသေးလေးသို့ ပြေးသွားလေသည်။
ချစ်ဖို့ကောင်းသော ကလေးငယ်ကြောင့်
SeungMin စိတ်လိုလက်ရပြုံးလိုက်မိသည်။
အချိန်တွေ ဘယ်လောက်ပဲ ကြာသွားကြာသွား ကလေးငယ်ကတော့ အရင်လိုပဲ သူ့ရင်ခုန်သံတွေကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်သော သူ့ဘဝရဲ့ ပဲ့ကိုင်ရှင် နတ်သားလေးဖြစ်၏။
YOU ARE READING
Can't Stop \\ SeungIn
Fanfiction"ကိုကိုက သားရဲ့အပိုင်နော်" "အင်းပါကွာ ဒီကိုကိုက ငယ်လေးအပိုင် ဟုတ်ပြီလား" လွန်ခဲ့တဲ့ ၁၅နှစ်တုန်းကတည်းက ကိုကိုက မင်းအပိုင်ဖြစ်ခဲ့တာပါ ကိုကို့ရဲ့ကြယ်လေး...