part 9

128 12 1
                                    

JeongIn တစ်ယောက်နိုးလာသည်နှင့် တစ်ပြိုင်နက် ဘေးဘီကိုစူးစမ်းကြည့်လိုက်တော့
မရင်းနှီးသော အခန်းတစ်ခန်းထဲ၌ဖြစ်၏။

အရမ်းမကျယ်သလို ကျဉ်းတဲ့အထဲလည်းမပါသော အနေတော် အခန်းတစ်ခုတွင် အဖြူနှင့်အပြာရောစပ်ထားသော အခန်းနံရံ၊ရေချိုးခန်းတွဲရက်နှင့် သန့်ရှင်းသန့်ရပ်သော အခန်းအပြင်အဆင်တစ်ချို့အပြင် လူငယ်တစ်ယောက်ရဲ့ အငွေ့အသက်တွေပြည့်နှက်နေသော အနေအထားဖြစ်သည်။

မှတ်ညဏ်အချို့က ဝိုးတစ်ဝါးဖြစ်နေတာမို့
ဦးနှောက်ကို အလုပ်ပေးရသေး၏။ အချိန်ခဏအကြာစဉ်းစားကြည့်မှ SeungMin၏ condo တွင်ရောက်နေမှန်း သိလိုက်ရသည်။ ထိုမှတ်ညဏ်နှင့် တစ်ပြိုင်နှက်တည်း မြင်ယောင်လာသော ညကအဖြစ်အပျက်တစ်ချို့လည်း ရှိလေသည်။

သူ့ရဲ့ လက်များကိုဆုပ်ကိုင်၍ ရင်ကွဲမတက်ငိုကြွေးနေသော သူ ၊ နောင်တများစွာဖြင့် ပြည့်နှက်နေသော သူ့ရဲ့ပုံစံက ဂရုဏာသက်ဝင်စရာပုံရိပ်လေးတစ်ခုအလားပင်။နောက်ဆုံးဝင်ရောက်လာသော အဖြစ်အပျက်မှာ ရှိုက်ငိုသံနှင့်အတူ ‌မနားတမ်းရေရွတ်နေသော SeungMin၏ စကားသံတို့ဖြစ်သည်။

'ကိုကို.....ကိုကိုတောင်းပန်ပါတယ် ငယ်လေးရယ်
ကိုကိုအများကြီးတောင်းပန်ပါတယ်
တကယ်တောင်းပန်ပါတယ်
ကိုကို့ကိုခွင့်လွှတ်ပါငယ်လေးရယ်'

ကြားယောင်လာသော ရှိုက်ငိုသံအချို့ကြောင့်
JeongIn ခေါင်းကိုတစ်သွင်သွင်ခါရင်း မျက်ဝန်းတွင်လည်း အရည်ကြည်များတွဲခိုလာသည်။

"မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး ယုတ္တိမရှိဘူး မဖြစ်ရဘူး အဲ့တာအမှန်မဟုတ်ဘူး ငါစိတ်စွဲပြီး အိပ်မက်မက်နေခဲ့တာပဲ သူမဖြစ်နိုင်ဘူး"

အမှန်တကယ် ကိုကိုဖြစ်မနေဖို့သာ ဆုတောင်းရင်း
သူရဲ့ရင်ထဲ၌ ပြောစရာစကားမရှိလောက်အောင်ပင် ‌တစ်ဆစ်ဆစ်နာကျင်နေရသည်။ JeongIn အကြောက်ဆုံးအရာက သူချစ်တဲ့သူတွေက သူ့ကိုမုန်းသွားမည်ကို ဖြစ်သည်။ အကယ်၍ အမှန်ပင် ကိုကိုဖြစ်နေခဲ့လျှင် သူပြုမှုခဲ့တဲ့ ပုံစံတွေ ကိုယ်ထိလက်ရောက် စော်‌ကားမိခဲ့တာတွေအတွက် ကိုကိုက သူ့ကို လူဆိုးတစ်ယောက်လို့မြင်ပြီး မုန်းသွားလေမလား ဆိုတဲ့ အတွေးနှင့်ပင် ရူးခါသွားစေနိုင်သည်။

Can't Stop \\  SeungIn Tempat cerita menjadi hidup. Temukan sekarang