part 10

148 14 8
                                    

လမ်းတစ်လျှောက်လုံး ကားပေါ်တွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေခဲ့သည်။

JeongIn မှာကားတံခါးကို ခေါင်းမှီထားတာ
အပြင်ဘက်က မြင်ကွင်းများကိုသာ ငေးကြည့်နေ၏။ SeungMin သည်လည်း ကားကိုသာ ဂရုစိုက်မောင်းနေ၍ တစ်ချက်တစ်ချက် ‌jeongin ဘက်သို့ ငဲ့ကြည့်လို့နေသည်။

ကားတံခါးကို ခေါင်းလေးစောင်း၍မှီကာနေသည့်
ငယ်လေး၏ မျက်နှာ‌အနည်းငယ်သာမြင်ရသော်လည်း ထိုကလေးရဲ့ရင်ထဲမှာ ရှုပ်ထွေးနေပြီး အရမ်းပင်ပန်းနေမည်ဆိုတာကို သူသိပါသည်။

အချိန်တွေကို ပြန်လှည့်သွားပြီး
အတိတ်ကိုပြင်‌ဆင်နိုင်စွမ်းရှိလျှင်
သိပ်ကောင်းပါလိမ့်မည်..။

သူ၏ ကလေးငယ်ကို အမြဲပြုံးနေစေချင်သည်။
အပြစ်ကင်းစင်သော ကလေးငယ်အား
အတက်နိုင်ဆုံး ကာကွယ်ပေးချင်သည်။
ပျော်ရွင်မှုတွေနှင့်သာ ထိုက်တန်သော
ထိုကလေးငယ်အား မျက်ရည်ကျပြီး နာကျင်စေခဲ့ရသော အဓိက တရားခံကသူဖြစ်နေသည်မို့
တောင်းပန်မိသည်ကလွဲလျှင် ဘာမျှမတက်နိုင်သည့် သူ့ကိုယ်သူလည်း မုန်းတီးလှပါ၏။

ငယ်လေးရဲ့ ခွင့်လွှတ်မှုကို ရဖို့အတွက်
ကိုကိုအစွမ်းကုန်ကြိုးစားသွားမှာပါ။
ဖြစ်ခဲ့သမျှ အရာအားလုံးအတွက်လည်း
ကိုကိုက အတက်နိုင်ဆုံး ပြန်ပေးဆပ်ပါ့မယ်။
ကျေးဇူးပြုပြီး ငယ်လေးရဲ့ အဝေးတစ်နေရာကိုသာ နှင်မထုတ်လိုက်ပါနဲ့ ကလေးငယ်..။

___________________

JeongIn တို့အိမ်သို့ရောက်သည့်အခါ
ကလေးငယ်က သူ့ကိုလှည့်မကြည့်ပဲ
ကားပေါ်ကဆင်းသွားလိုက်သည်..။

သူ၏ရင်ထဲ ဆစ်ကနဲနာကျင်သွားရ၏။

ထိုနောက် ကားပေါ်ကနေ လိုက်ဆင်းကာ
အိမ်ထဲဝင်တော့မည့် ကလေးငယ်ရဲ့ လက်တို့ကို ဖမ်းဆုပ်လိုက်၍ သူနှင့် မျက်နှာချင်းဆိုင်တွင်ရပ်စေလိုက်သည်။ ကလေးငယ်ရဲ့ မျက်နှာက အသွေးအသားမရှိလောက်အောင်ပင် ဖြူဖျော့နေသည်။ သူ့ကိုကြည့်နေသော ကလေးငယ်၏ မျက်ဝန်းတို့ဟာလည်း အသက်မပါလိုပင် အား‌ယုတ်နေခဲ့သည်။

" ကျေးဇူးပြုပြီး ကျနော့်လက်ကိုလွှတ်ပေးပါ "

သူစိမ်းဆန်သော ကလေးငယ်၏နှုတ်ဖျားမှ ထွက်ပေါ်လာသော စကားလုံးတို့ဟာ သူ့အတွက် အဆိပ်ရည်နည်းတူ ကြောက်မက်ဖွယ်ကောင်းလှ၏။

Can't Stop \\  SeungIn Where stories live. Discover now